အပိုင်း၃၂(Unicode/Zawgyi)

610 14 2
                                    

Unicode

(A/N နည်းနည်းကြမ်းတာပါတာမလို့ ကြိုတင် warning ပေးပါရစေ)

"Boss..... ''

''ပြော ဇေယျ.....''

''အကိုလေး Angal Bar ရောက်နေတယ်လို့ သက်တော်စောင့်တွေက သတင်းပို့ထားပါတယ်''

''Bar မန်နေဂျာကို Baby ကိုလိုလေသေးမရှိအောင်လုပ်ပေးလိုက်လို့ပြောလိုကိ.....''

''ဟုတ် ဒါပေမယ့် Boss.....''

''ပြောမှသာ ဆက်ပြော.....''

''Dragon ဂိုဏ်းခေါင်းဆောင်ပါပါတယ်.....''

''အဟက် သူငယ်ချင်းတွေပဲလေ မပါတာမှထူးဆန်းနေအုံးမယ်.....''

''ပြီးတော့ အကိုလေးတို့ရောက်ပြီ မကြာခင် Lion ဂိုဏ်းခေါင်းဆောင်ပါရောက်နေတယ်လို့ ို့သတင်းပို့ထားပါတယ်.....''

''ဘာ!!!.....''

''တောက် အဲ့ကောင်က ဘာကိစ္စရောက်နေရတာလဲ ခုသွားမယ် ငါ့မရောက်ခင် Baby ကိုဘာတစ်ခုမှမဖြစ်စေနဲ့ ဖြစ်ရင် Baby သက်တော်စောင့်အားလုံး အသက်ဘယ်ကထွက်ရမှန်းမသိဖြစ်ရမယ်လို့ပြောလိုက်......''

အကိုလေးကိုစိတ်ပူခြင်းတွေနဲ့အတူ ကားလည်းအရှိန်ပြင်းစွာကိုယ်တိုင်မောင်းသွားသည့် Boss ကြောင့် ဇေယျလည်းကားတစ်စီးယူပြီး Boss ရဲ့အနောက်ကိုအမြန်လိုက်ရတော့သည်။

ရိပ်မှတော့ ဆက်ယူလာပေးတဲ့ခွက်ကိုသောက်ပြီးမကြာခင် လူကရှိန်းတိန်းတိန်းဖြစ်လာလေသည်။မာန်ခနဲ့ကြည်ပြာတို့က Dance floor ကို သွားကနေသည့်အတွက် စားပွဲဝိုင်းမှ ဆက်နဲ့ရိပ်သာ ကျန်ခဲ့လေရဲ့။

''ဆက် မင်းသွားချင်သွားကလေ...... ''

''ရတယ် မကေတာ့ဘူး မင်းတစ်ယောက်တည်းဖြစ်နေလိမ့်မယ်.....''

''မဟုတ္တာ သြားကပါ ငါ့ကရတယ်......''

အမှန်တကယ်ဆို ရိပ်တစ်ယောက်တည်း စိတ်မချသည့်အတွက်ကြောင့် ရိပ်နဲ့အတူတူထိုင်နေခြင်းဖြစ်သည်။ဆက်နဲ့ရိပ်ပြောနေတုန်း ဆက်ရဲ့ဖုန်းလေးထဲ message တစ်စောင်ရောက်လာလေ၏။ထိုmessage ပို့တဲ့သူက ဆက်ရဲ့လူယုံတော် Z ဖြစ်နေလေသည်။Z ဆိုတာ အရေးမကြီးဘဲ ဖုန်းမခေါ် message မပို့တတ်တဲ့လူမျိုးဖြစ်၍ ခုလို message ပို့ပုံအရဆိုရင် အခြေနေထူးလို့ဆိုတာ သိသည့်ပုံစံပင်။

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Where stories live. Discover now