Unicode
ရိပ်ဝင်မကြည့်တော့ဘူးလုပ်ထားပေးမယ့်လည်း ဘာတွေလဲဆိုတာသိချင်သည့်အတွက် ဝင်ကြည့်မိလိုကိတော့ တွေ့လိုက်ရသော ပုံကြောင့် ရိပ်တစ်ယောက်အံ့သြပြီးဖုန်းပါလွတ်ကျလေသည်။အဲ့ပုံက ရိပ်ရဲ့ရင်ဝကို အပူတပြင်းဖြစ်သွားရသလို ကြည့်မိသော မိမိကိုယ့်သာ ပိုပြီးအပြစ်တင်မိခြင်းနှင့်အတူ ပါးထပ်ကမျက်ရည်တွေကလည်း ဖိတ်ခေါ်ခြင်းမရှိဘဲ ပါးပြင်ထပ်စီးကျလာခဲ့လေ၏။
''ဦးက အဲ့လိုလူမျိုးမဟုတ်ဘူး ဦးကိုငါယုံရမယ်......''
ဆိုပြီးပါးစပ်ရေရွတ်နေပေမယ့် တကယ်တမ်းကျသူဘယ်လောက်တောင်တုန်လှုပ်နေတယ်ဆိုတာသူကိုယ်တိုင်အသိဆုံးပင်။
''Boss ရိပ်လေး မနက်စာစားပြီးကတည်းက ခုချိန်ထိအောက်ဆင်းမလာသေးဘူး ပြီးတော့သွားခေါ်လို့လည်းမရဘူး......''
စေတန်စံအိမ်ရောက်ရောက်ချင်း အိမ်တော်ထိန်းဦးလေးပြောလာတဲ့စကားကြောင့် Baby များတစ်ခုခုဖြစ်လို့လား ဆိုသောအတွေးကြောင့် အပေါ်ကိုမြန်မြန်တတ်လာခဲ့သည်။သူ့အခန်းတံခါးဖွင့်လိုက်တော့ ညနေရောက်နေသော်လည်း ခုချိန်ထိအခန်းမီးထွန်းမထားသော Baby ကြောင့် စိုးရိမ်စိတ်က အစိုးမရတော့ပေ။
''Baby......''
ခေါ်တဲ့အသံလေးနဲ့အတူ အခန်းမီးခလုတ်ဖွင့်လိုက်တော့ မွေ့ယာအပေါ်မှ ကွေးကွေးလေးအိပ်နေသည့် Baby ကိုမြင်ကာ သက်ပြင်းချမည့်ကြံတုန်းရှိသေးသည့် စေတန်တစ်ယောက် သူ့ Baby ရဲ့မျက်နှာကြည့်မိပြန်တော့ သူ့ရင်ကို အစိမ်းလိုက်ခွဲနေသည့် ငိုထားမှန်းသိသားနေသောမျက်လုံးမို့မို့လေး။တစ်ခါတစ်လေရှိုက်သံလေးတွေပါ အိပ်နေရင်းထွက်လာသည့် Babyကြောင့် အိပ်နေတာကိုမနိုးချင်သော်လည်း သူ့ရင်ကိုခွဲနေသော မျက်ရည်တွေက ဘာလို့ဆိုတာ သူ့သိမြှဖစ်မည်။
''Baby...... ''
''အင်း......''
''ကလေး ထအုံးနော်......''
ရိပ်ငိုနေရင်းဘယ်အချိန်အိပ်ပျော်သွားမှန်းမသိပေမယ့်ဦးနိုးမှ ရိပ်နိုးတော့သည်။
''ဦး ဘယ်တုန်းကပြန်ရောက်နေတာလဲ......''
''စောနကပါ ညနေခင်းရောက်မှအိပ်ပျော်နေရင်း Baby နေမကောင်းဖြစ်မှစိုးလို့ ဦးနိုးလိုက်တာ......''
YOU ARE READING
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
