အပိုင်း၃၅(Unicode/Zawgyi)

1.2K 26 5
                                        

Unicode

(A/N သီချင်းက မာရဇ္ဇရဲ့မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး ဆိုတဲ့ သီချင်းလေးပါဗျ)

''တောင်းဆိုတာပါ ကျုပ်ရဲ့အချစ်ကိုမယုံကြည်သောသူကို လက်တွဲဖို့မဖြစ်နိုင်လို့ အဆုံးသတ်လိုက်တာပိုကောင်းပါတယ်..... ''

သူ့စကားအဆုံး အခန်းလေးရဲ့လေထုကခနတာအေးစက်သွားလေရဲ့။ခနကြာတော့ မပီပြင်သောအပြုံးလေးတစ်ခုဆင်မြန်းပြီးစ ပြောလာသော ဦး။

''Baby ပြောတဲ့အဆုံးသတ်ရအောင်ဆိုတဲ့စကားကလွဲရင်ဘာပဲနေနေဦးလိုက်လျောပေးမယ်...... ''

''ကျုပ်ကလည်း အဲ့တာပဲလိုချင်တာ...... ''

''ဦးပြောပြီးသားလေ လမ်းခွဲရအောင်ဆိုတဲ့ဦးရင်ကိုအစိမ်းလိုက်ခွဲမယ်အစား ဦးကိုသာသတ်သွားလိုက်ပါ့လား Baby...... ''

''ခင်ဗျားအသက်မယူချင်ဘူး ကျုပ်လိုချင်တာက လမ်းခွဲခြင်းဆိုတဲ့အဆုံးသတ်ကို......''

''Baby အိပ်တော့နော်...... ''

စေတန် Baby ပြောတဲ့ စကားတွေကိုဆက်နားမထောင်နိုင်တော့သည့်အတွက် အဝတ်လဲခန်းရဲ့ထောင့်မှ သူ့မတီးတာကြာပြီဖြစ်သော Guitar ကိုယူပြီး ဝရံတာဘက်ထွက်လာခဲ့လေ။ဝရံတာဘက်ရောက်တော့ မလင်းတလင်းဖြစ်နေတဲ့ကောင်းကင်ပေါ်မှရှိနေတဲ့လမင်းကိုကြည့်ပြီး ယူလာသော Guitar ကို စတင်တီးခတ်လိုက်သည်။

ရိပ်လည်း သူ့ဝရံတာထွက်သွားပြီးနောက်ပြင်ဆင်ပေးခဲ့သော ပေးခဲ့တဲ့ဆေးကိုသောက်ကာ အိပ်ရာပေါ်လှဲအိပ်နေတုန်း Guitar အသံလေးထွက်လာပြီးနောက် နားထောင်ကောင်းတဲ့အသံသြသြလေးကပါ ထွက်လာလေသည်။ဦးလို ဂိုဏ်းတစ်ခုကို ဦးဆောင်နေတဲ့ mafia တစ်ယောက်က ဒီလိုလည်းရတာပဲလား။

🎼🎼မလွန်ဆန်နိုင် နှလုံးသားနဲ့ရစ်နှောင်တွယ်
ပတ်လို့ဖြင့်ထားသော်လည်း အတွေးခက်တယ်သံယောဇဉ်......

ငယ်ရွယ်သူဖြစ်တော့လည်း ချစ်တော့ပဲ
ဦးစားပေးသိနေလည်း အတွေးခက်တယ်ဇာတ်လမ်းမှ.......

ကြားလူ​တွေဖြတ်လို့တော့နောက်မဆုတ်ဘူး စမိတဲ့အချစ်တွေကို ရုတ်သိမ်းဖို့မတောင်းဆိုနဲ့......

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Место, где живут истории. Откройте их для себя