Unicode
S Group.........။
ရိပ် S Group ဆိုတာကိုကြားဖူးရုံသာရှိပြီး ခုလက်ရှိတွေ့လိုက်ရတော့ ကြားဖူးတာထက်ပိုပြီးခမ်းနားလှသည်။ဒါဆို ဒီ company မှာ.....
''ဦး ဝန်ထမ်းဘယ်လောက်တောင်ရှိတာလဲ......''
''ဒီက အဓိကနေရာ ဆိုတော့ ဝန်ထမ်းထောင်ဂဏန်းလောက်ရှိမယ်ထင်တယ် Baby ဘာလို့လဲ.....''
''ဒါဆို Baby ဒီလိုပုံစံနဲ့လိုက်လာတာကို အဲ့ထောင်ဂဏန်းလုံးကအကုန်သိ ဒါအပြင်သိနေတဲ့ထောင်ဂဏန်းဝန်ထမ်းတွေကနေ တခြား ဦး ပိုင်ဆိုင်တဲ့နေရာက့သူတွေကိုပြောလိုက်ရင် အကုန်လုံးသိသွားမှ......''
''Baby ကတော့ ပေါက်ကရတွေတွေးတော့မယ်.....''
''ဟုတ်တယ် ဦး Baby ပြောတာအမှန်တွေပဲလေ ပြီးတော့ ဦးရဲ့ကောင်လေးက ဒီလိုကြီးလိုက်လာတာလားဆိုပြီး ဦးကိုကဲ့ရဲ့နေလိမ့်မယ်......''
''Baby ပေါက်စ မလိုက်ချင်လို့ဆိုပြီးအကြောင်းပြချက်တွေပေးမနေနဲ့ ဦးကိုမကဲ့ရဲ့ရဲသလို ဦးချစ်တဲ့ကလေးကို မျက်စောင်းတစ်ချက်တောင်မထိုးစေရဘူး.....''
''ဟုတ်..... ''
''လိမ္မာတယ်.....''
ရိပ်ခေါင်းလေးကိုချစ်စနိုးလေးနဲ့ပုတ်လိုက်ပြီးနောက် အရင်ဆင်းကာ ရိပ်ရဲ့ဘက်တံခါးကိုဖွင့်ပြီး လက်ကမ်းလှမ်းလာသော ဦးကြောင့် ရိပ်မှမလိုက်ချင်လိုက်ချင်ဖြင့် ပြန်လက်ကမ်းပေးပြီး ကားထဲကနေထွက်လာခဲ့ရသည်။စေတန်လည်း Baby ရဲ့လက်လေးကိုဆုပ်ကိုင်ကာ company ထဲဝင်လာခဲ့သည်။Companyအထဲရောက်တော့ ဝန်ထမ်းတွေရဲ့မျက်လုံးတွေက စပ်စုသလိုကြည့်နေကြ၏။ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားသော သူတို့ရဲ့ရေခဲတုံး Boss က ကောင်လေးတစ်ယောက်လက်ကို ဆုပ်ကိုင်လာပုံကလည်း အံ့သြစေပြန်သည့်အပြင် ဒီထက်အံသြစရာကောင်းတာက Boss ခေါ်လာတဲ့ကောင်ငယ်လေးက ညအိပ်ဝတ်စုံလေးနဲ့ချစ်ဖို့ကောင်းနေလေသည်။
''ဉီး......''
''ဗျာ.....''
''ဦး ဝန်ထမ်းတွေက Baby တို့ကိုကြည့်နေတာ...... ''
''Baby ချစ်စရာကောင်းလို့နေမှ.....''
''အဟွန့် မဟုတ်ဘဲနဲ့ သူများကိုညအိပ်ဝတ်စုံကြီးနဲ့လာလို့အရူးထင်ပြီး ကြည့်နေတာလားမသိဘဲ.....''
YOU ARE READING
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
