Unicode
''Boss ဒီနေ့ ဦးရောင်သက် နဲ့ ပစ္စည်းလဲဖို့ရှိပါတယ် ''
''ဘယ်အချိန်လဲ ''
''ညနေ 5 နာရီလောက်ပါ ''
''အင်း ပြင်ထားလိုက် ''
စေတန် Companyကို Rain နဲ့သာလွဲထားပြီး စံအိမ်မှသာနေနေသည်။စေတန် ခုတလော Company ကိစ္စတွေနဲ့အမှောင်ခြမ်းဘက်က ကိစ္စတွေကြောင့် ခလေးဆီကိုသာမရောက်ဖြစ်တော့လေ၏။မဟုတ်ရင် baby ဆီ တစ်နေ့တစ်ခေါက်မကရောက်ဖြစ်လေသည်။
*ကိုယ့်မလာတော့ baby ကိုယ့်ကိုမျှော်နေမလား *
ရိပ် ဒီနေ့ လာနေကျဖြစ်တဲ့ သူက မလာတော့ နေများမကောင်းလို့လား ဘာများဖြစ်လို့လဲဆိုတဲ့ အတွေးတွေနဲ့ချာချာလည်နေကာ ရှေ့ကသင်နေတဲ့စာဆီကိုစိတ်ကမရောက်တော့ပေ။ဆရာမသာ စာသင်လို့ပြီးသွားတယ် ရိပ်တစ်ယောက်ကတော့ ဘာစာတွေမှန်းကိုမသိလိုက်လေ၏။
''ရိပ့် ဘာတွေတွေးနေတာလဲ ဆရာမစာသင်တာလည်း စိတ်မဝင်စားဘူး.....''
ရိပ် စာစိတ်ဝင်စားမှုမရှိတာကို သတိထားမိတဲ့ ကြည်ပြာကမေးလာလေသည်။
''ဘာမှမဟုတ်ပါဘူး ဒီတိုင်းပါပဲ......''
''ဟုတ်ရဲ့လား ရိပ် နင့်ရဲ့ဦးဆိုတဲ့လူကြီးမလာလို့မလား......''
''မဟုတ်ပါဘူး ဘာတွေလာပြောနေတာလဲ......''
''ငါ့လာမလိမ်နဲ့ ရိပ့်စုတ် ငါ့ရဲ့အတွေ့အကြုံရပြောရရင် နင်ဦးကို စိတ်ဝင်စားနေပြီဆိုတာကျိန်းသေပဲ''
''မဟုတ်တာတွေပြောအုံးမယ်......''
''ခုတော့ငြင်းထားအုံးပေါ့လေ......''
''ဘာတွေငြင်းနေကြတာလဲ......''
ရိပ်နဲ့ကြည်ပြာစကားပြောနေတုန်း ဘေးကနေရောက်လာတဲ့ မာန်ခနဲ့ဆက်။
''ငါ့တို့ပြောလို့ရောနင်လိုပုဇွန်ဦးနှောက်က သိမှမလို့လား......''
''ကြည်ပြာ နင်ငါ့ဆိုပြောမယ်ချည်းပဲ.....''
''ပြောတော့ ဘာဖြစ်လဲ.....''
''နင်သေတော့မယ် ကြည်ပြာ.....''
''ကဲ...မင်းတို့နှစ်ယောက်ကိုက်မနေနဲ့ မာန်မင်းလည်း ကြည်ပြာကိုမနိုင်ဘဲသွားသွားစနေ......''
BINABASA MO ANG
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
