အပိုင်း ၆

1.8K 45 2
                                        

Unicode

ရိပ် ဘာမှမတွေးဘဲ ဟိုဘိုးတော်ကြီးလက်ကိုဆွဲပြီးပြန်လာလိုက်တာ တော်တော်ဝေးဝေးကို ရောက်လာမှရပ်လာတော့သည်။

''ဟော...ဟဲ....ဘိုးတော်....အဆင်ပြေရဲ့လား ''

''ပြေတယ် မင်းအဲ့လောက်တောင်ပြေးရသလား ''

''မ..ပြေး..ရင်..သေ..မှ...ပေါ့...ဗျာ ''

''ဘာကိစ္စသေမှလဲ ''

''မောရတဲ့ကြားထဲခင်ဗျားဖြေနေရတာနဲ့တင်အသက်ထွက်တော့မယ် ''

*အဲ့ဘိုးတော်အလိုက်ကန်းဆိုးမသိဘူး ဒီကပြေးရတာမောနေတာကို မေးခွန်းတွေပဲ လာမေးနေတာ ချီးလိုဘိုးတော်ကြီး အသက်ကြီးပြီးအချိန်မစေ့တဲ့ဘိုးတော်*

ရိပ် စိတ်ထဲကနေ မေတ္တာတရားတွေနဲ့ပို့နေမိတော့လေသည်။ရိပ် မေတ္တာတရားတွေထားနေတုန်းသူတို့ကိုယ့်သူတို့လိုက်တယ်ထင်နေလားမသိတဲ့အနက်ရောင်ဝတ်စုံတွေနဲ့အမဲရောင်လူတွေကို မြင်လိုက်ရတော့ ထပ်ထွက်ပြေးဖို့ခြေထောက်အသင့်ပြင်ထားရတော့၏။

ရုတ်တရက်ကြီး ပြေးဖို့အသင့်အနေထားဖြစ်သွားတဲ့ ချာတိတ်ကိုကြည့်ပြီး စေတန်အံ့သြမိတော့သည်။စောစောကမောတယ်ဆိုပြီးပြောတဲ့လူက ခုတော့ ထပ်ပြေးဖို့ပြင်နေသောကြောင့် စေတန်လည်း မသကာင်္လို့နောက်လှည့်ကြည့်တော့ သူရဲ့သက်တော်စောင့်တွေကြည့်ရတာ သူပြေးလို့အမြန်နောက်က လိုက်လာသည့်ပုံစံတွေပင်။အဲ့ဒါကြောင့် ဒီချာတိတ်ကပြေးဖို့လုပ်နေတာပေါ့ လို့တွေးမိရင် စေတန် မသိချင်ယောင်ဆောင်ပြီး မေးလိုက်​သည်။

''မင်း ဘာလုပ်နေတာလဲ ''

''ပြေးမလို့ ဘိုးတော် ဟိုမှခင်ဗျားစတဲ့ပြသာနာကြီးကနောက်ကလိုက်လာပြီ တကယ်ကိုတအားတွေဇွဲကောင်းနေလိုက်ကြတာ ''

''ပြေးနိုင်သေးလို့လား ချာတိတ် ''

''မပြေးနိုင်လည်း ပြေးရမှပဲ ''

''ငါ့ကတော့ မပြေးနိုင်တော့ဘူး ချာတိတ်ဘာသာပြေးချင်ပြေးတော့ ''

''ပြေးရအောင်ပါ ဘိုးတော် ''

''မပြေးနိုင်ဘူး ''

''ပြေးမယ် ''

''မပြေးဘူး ''

ရိပ်တို့နှစ်ယောက်ပြေးမယ်မပြေးဘူးလုပ်နေတာနဲ့တင် ဟိုအမဲရောင်လူတွေက နီးသာထက်နီးလာတော့ ရိပ်တို့ခုချိန်ပြေးလည်းမလွတ်နိုင်တော့ပေလာမဲ့ဘေးပြေးတွေ့ရုံပဲရှိတာပဲတွေးပြီးနောက် ရိပ်လည်း ဟိုလူတွေအနားရောက်လာသည့်နှင့်တပြိုင်နက် သတ္တိရှိစွာဖြင့် ဟိုဘိုးတော်ကြီးရဲ့နောက်ကို အလျှင်အမြန်ပုန်းလိုက်သည်။ရိပ် ဟိုဘိုးတော်ကြီးနောက်ကနေပြီးတော့။

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Where stories live. Discover now