အပိုင်း၃၉(Unicode/Zawgyi)

981 16 2
                                        

Unicode

ဘာလိုလိုနဲ့နီးလာတဲ့ ဦးနဲ့ရိပ်တို့ရဲ့ wedding day။ရိပ်ရဲ့အကြိုက်ဆုံးအရောင်ဖြစ်သော မိုးပြာရောင်ဘူးလေးထဲမှ ရိပ်နဲ့ဦးတို့ရဲ့နာမည်တွေကို ရွှေအိုရောင်စာလုံးလှလှလေးတွေနဲ့ထိုးထားသော invitation cardလေးဟာလည်းရနံ့သင်းသင်းလေးဖြင့် မွှေးပျံ့ကာ ပုံစံကြည့်ရုံနဲ့တန်ဖိုးကြီးသည့်ကို သိရှိစေသည်။သိပ်မလိုတော့သော wedding day ကြောင့် ဦးကသူ့ဆီလာနေခိုင်းပေမယ့်လည်း မနေဘဲ မာမီတို့ဆီသာ လိုက်နေလိုက်၏။

အဲ့လိုလိုက်နေတာကို အကဲပိုတဲ့ ဦးကတော့ စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်ဖြင့် ဖုန်းမကြာခန ဆက်နေလေရဲ့။Wedding day အတွက် ပြင်ဆင်နေရသည့်အတွက် ဖုန်းမဆက်နဲ့တော့ ပြောလိုက်တော့ ဦးက Baby အသံမှမကြားရရင် အဆင်မပြေနိုင်ဘူးဆိုသော စကားတွေကြောင့် ဆက်မပြောဘဲ လွှတ်ထားလိုက်တော့သည်။

ရိပ်တွေးနေတုန်း သက်ဆိုင်သူအတွက် ထားသောဖုန်းမြည်သံလေးက မြည်လာလေသည်။

"လွမ်းနေတာ .."

ရိပ်တောင် ဘာမှမပြောရသေးခင် အရင်ဦးဆုံးလွမ်းဆွေးနေတဲ့ အသံဖြင့်ပြောလာသော ဦးကြောင့် ပြုံးမိသွားရပြန်လေ၏။

"ဦးလွမ်းလို့ဆိုပြီး ဆက်တာ ဒီနေ့အတွက် ဒါ ငါးကြိမ်မြောက်ရှိနေပြီ .."

"Baby ကို လွမ်းလို့ဖုန်းဆက်တာလေ..."

"ဦးပဲအပြောကောင်းတော့..."

"အဟွန်း ချစ်တာကိုဗျာ Baby ဘာလုပ်နေလဲ..."

"ဘာမှမလုပ်ဘူး ဦး..."

"ဟုတ်လား ဒါဆို ဦးကိုချစ်လား..."

"ချစ်တယ် ဦး.."

"ဦးအလုပ်တွေလုပ်ဖို့ ပိုအားရှိသွားတာပေါ့ အဟွန်း .."

"ဦးကတော့လေ ..."

"ဖုန်းချပြီးရင် Baby အတွက် suprise လာလိမ့်မည် ..."

"ဘာ suprise လဲ ..."

"Baby ပေါက်ရဲ့ suprise ပါဆို ပြောပြစရာလား ..."

"ဦးကလည်း ..."

"ကဲ လာမှသာကြည့် Baby ပြောပုံနဲ့ဦးမခံနိုင်ဘဲ ပြောမိလိမ့်မယ် ဒါပဲနော် Baby အရမ်းချစ်တယ် မွမွ..."

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Место, где живут истории. Откройте их для себя