အပိုင်း၃၇(Unicode/Zawgyi)

586 13 2
                                    

Unicode

တစ်လမ်းလုံး ကားပေါ်တွင် သူ့မရှိတယ်လိုပင် သတ်မှတ်မထားသော စေတန်တို့ကခုစားသောက်ဆိုင်ရောက်တော့လည်းထိုနည်း၎င်းကောင်းပင်။

''Baby စားချင်သေးလား ''

''အွန်း နည်းနည်းစားချင်တယ် ပြီးတော့ ice-cream လည်းစားချင်တယ်''

''ok ထမင်းနှစ်ပွဲ ကြက်သားအမွကြော်လေးကို သိပ်လည်းမမာနဲ့သိပ်လည်းပျော့အိမနေနဲ့ ပြီးတော့ ကန်စွန်းရွက်နဲ့မှိုကြော် နောက်ပြီး အသီးအရွက်ကြော် အော် အသီးအရွက်ကြော်ကို သိပ်ပြီးမပျော့စေနဲ့ နောက်ထပ်က ချဉ်စပ်ဟင်းရည်ချပေး အစပ်တော့အများကြီးမထည့်နဲ့ အချိုပွဲအတွက်က strawberry ice-cream နှစ်ခွက် ဒါပဲ''

''မနန်းမာယာခင်ကတော့ ကိုယ့်ဘာသာမှာလိုက်တော့''

သူ့မအတွက်ပါမှာတယ်ထင်သော်လည်း တစ်ခုတောင်မှာမပေးသည့် စေတန်အာဏာကြောင့်အောင့်သက်သက်ဖြင့်ဝန်ထမ်းကောင်လေးကို မှာလိုက်ရတော့သည်။

''ဦး မှာတာကလည်း Baby အကြိုက်တွေချည်းပဲ''

''Baby ပဲနည်းနည်းစားချင်တယ်ဆို ဒါကြောင့် Baby အကြိုက်တွေမှာပေးရတာပါ ''

''ဦးကျရော ဘာနဲ့စားမှလဲ''

''Baby စားတာနဲ့စားမှပေါ့ ''

''ဦးကများကြီးချစ်ဖို့ကောင်းတာ''

ဟိုအမကြီးရှိနေသောကြောင့် ရိပ်လည်းပိုမိုပြောလိုက်သလို တဖြည်းဖြည်းဖြင့် မိတ်ကပ်တစ်ပိသာလောက်ဖို့ထားတဲ့မျက်နှာကမည်းမှောင်လာသည်ကို ကြည့်ရင် ရိပ်စိတ်ထဲသဘောကျနေမိလေသည်။

''Baby စားကောင်းလား ''

ပါးဖောင်းဖောင်းလေးဖြစ်အောင်ထိတမြုံမြုံဖြင့်ဝါးစားနေသော Baby ကိုမေးမိတော့ ချစ်စရာကောင်အောင်လက်မလေးကိုထောင်ပြနေသောကလေးငယ်။

''ဖြေးဖြေးစား Baby ''

စေတန်မှတော့ Baby ကိုကိုယ်တိုင်မစားစေဘဲ သူ့ဘာသာဂရုတစိုက်ခွံ့ကျွေးနေလေသည်။

''Baby ဒီတစ်လုတ်ပြီးရင်တော်တော့နော် ကျောင်းကလည်းစားလာသေးတယ် ပြီးတော့ ice-cream လည်းစားအုံးမှဆိုတော့ တအားဗိုက်ပြည့်လွန်သွားလိမ့်မယ်နော် Baby''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Tempat cerita menjadi hidup. Temukan sekarang