အပိုင်း၂၆(Unicode/Zawgyi)

651 17 2
                                    

Unicode

''Baby ပုဇွန်ကို မစားဘူးလား.....''

''ဟဲဟဲ ဦးက အခွံခွာပေးလေ.....''

''ဟောဗျာ.....''

''ဦး ဘာဟောဗျာလဲ.....''

''Baby ပေါက် အကြံနဲ့မလို့ အခွံ့ကို မခွာခိုင်းတာပေါ့...... ''

''ဦးက ငြိုငြင်တာလားပြော.....''

''Baby ကို ဘယ်တုန်းကများ ဦးငြိုငြင်ဖူးလို့လဲ.....''

''ခုငြိုငြင်တာလေ.....''

''မငြိုငြင်ရပါဘူးဗျာ.....''

ပြောပြီး လက်ကိုဘေစင်မှသွားဆေးကာ coffee ခွက်ကိုဘေးရွှေ့လိုက်ပြီးနောက် ရိပ်ပန်းကန်ထဲမှရှိတဲ့ပုဇွန်တွေလှမ်းယူလိုက်ပြီး အခွံ့ခွာပေးလေသည်။

''ရော့ Baby အတွက်.....''

ပုဇွန်ကိုအမြန်ခွာပေးလိုက်ပြီး ပန်းကန်ထဲပြန်ထည့်ပေးတော့.....

''ဦး ချစ်ဖို့အကောင်းဆုံး.....''

သူလိုတာရတော့ ဦး ချစ်ဖို့အကောင်းဆုံးလို့ပြောတတ်သော Baby က သူလိုချင်တာမရရင်တော့ စွဲချက်ပေါင်းများ စွာနဲ့ပြောမည့် ကလေး။တကယ်ကိုအမျိုးမျိုးပြု စားကာ ချစ်အောင်လုပ်နေသော Baby။

''ဒါနဲ့ ဦးကအလုပ်မသွားဘူးလား....''

''မသွားဘူး Baby အနားပဲနေမှ ညနေကျမှ Company
Partner ရဲ့ dinner ပွဲသွားရမယ်.....''

''အော်....''

''Baby ရောလိုက်မလား.....''

''မလိုက်တော့ဘူး ဦးဘာသာသွားတော့.....''

''တော်ပြီလား.....''

''ဝပြီ ဦး Baby ခြံထဲလျှောက်ကြည့်ချင်လို့.....''

''ဦးနဲ့အတူတူသွားမယ်....''

အဲ့အချိန် ဇေယျရောက်လာကာ.....

''Boss..... ''

''ဘာဖြစ်လို့လဲ ဇေယျ.....''

ရိပ်ရှိနေလို့ပြောရခက်နေပုံရတဲ့ အကိုဇေယျကြောင့်......

''Baby ဘာသာသွားကြည့်တော့မယ် ဦးတို့အေးဆေး
စကားပြောကြ....''

ပြောပြီး ထမင်းစားအခန်းထဲကထွက်လာခဲ့သည်.....

စေတန်လည်း Baby ထွက်သွားတော့မှ ဘေးမှရှိနေသည့် ဇေယျကို......

''ပြောတော့.....''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Tahanan ng mga kuwento. Tumuklas ngayon