အပိုင်း၉(Unicode/Zawgyi)

1.6K 35 2
                                        

Unicode

ဒီနေ့တော့ စေတန်အလုပ်ကိစ္စတစ်ခုကြောင့် company ကို လာခဲ့ရသည်။စေတန်က တော်ရုံဆို Companyကို လာတာနည်းပါသည်။

''ဒေါက် ဒေါက်......''

''ဝင်ခဲ့...... ''

''Myat companyရဲ့ ကိုယ်စားလှယ် သုအိနြေ္ဒထက်ရောက်နေပါတယ် Boss..... ''

''ဝင်ခိုင်းလိုက် rain ပြီးတော့ စာချုပ်ချုပ်ဖို့အချက်အလက်တွေပါတစ်ခါတည်းယူခဲ့......''

''ဟုတ်ကဲ့ Boss...... ''

Rain ထွက်သွားတော့ သုအိန္ဒြထေက် ဝင်လာခဲ့လေ၏။

''ခုလို သု တို့ company နဲ့လက်တွဲပေးလို့ ကျေးဇူးတင်ပါတယ် ဦးစေတန်အာဏာ..... ''

''မလိုဘူး စီးပွားရေးအရလုပ်တာမလို့ rain စာချုပ်ပေး....''

rain လည်း boss တောင်းတဲ့စာချုပ်ကိုထုတ်ပေးလိုက်လေသည်။

''အကျိုးအမြတ်ကတော့ 70./. ''

''အဆင်ပြေပါတယ် သု တို့ဘက်က ဦးစေတန်အာဏာရဲ့ရင်းနှီးမြှပ်နှံပေးရနဲ့တင်ကို ကျေးဇူးတင်နေပါပြီ.....''

နှစ်ယောက်လုံး လုပ်ငန်းစာချုပ်လက်မှတ်ထိုးပြီးသွားသည့်နောက်။

''project လုပ်ဖို့ရာအတွက် မင်းတို့ company ကို ငါ့ရဲ့လူယုံတစ်ယောက်လွှတ်ပေးလိုက်မယ်....''

''ဟုတ်ကဲ့.....''

''ရှင်းပြချင်တဲ့အကြောင်းအရာတွေကတော့ တစ်ပတ်တစ်ခါ meeting လုပ်ရင်ရှင်းပြပေါ့.....''

'' အဆင်ပြေပါတယ်......''

''အင်း....rain စာချုပ်သိမ်းလိုက်တော့ ''

''ဟုတ် Boss..... ''

''ဦးစေတန်အာဏာ သုနဲ့နေ့လည်စာလိုက်စားပါ့လား စီးပွားရေးပါတနာအဖြစ်ပေါ့....''

''လိုက်မစားနိုင်ဘူး အရေးကြီးတဲ့သူဆီသွားရမှမလို့.....''

စေတန် လက်က Rolex နာရီကိုကြည့်လိုက်တော့ နေ့ခင်းတောင်ရောက်နေပြီမလို့ သူရဲ့ကလေးဆီသွားမည်ဖြစ်သောကြောင့် သုအိန္ဒြထေက်ရဲ့ဖိတ်ကြားမှုကိုငြင်းလိုက်သည်။

''သွားစရာရှိမှတော့ သု ဘာတတ်နိုင်မှလဲ နောက်ခါကျရင်တော့ ကျိန်းသေလိုက်ခဲ့ပါ......''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Место, где живут истории. Откройте их для себя