Unicode
ဒါတောင် လက်ဆွဲလိုက်တော့ မကျေမနပ်ကြည့်လာသေးသော Baby။
''သား.....''
''မောင်စေတန်အာဏာလည်းပါလာတာကို......''
''ထိုင်.....''
''ကျွန်တော် Baby ကိုလက်ထပ်ချင်ပါတယ်...... ''
''ဟမ်......''
''ဟင်...... ''
''ဉီး''
ဦးမျိုးနိုင်မှလည်း သူ့စကားမဆုံးခင်ဖြတ်ပြောလိုက်တဲ့ စေတန်အာဏာကြောင့် အံသြသွားရသလို သူ့ယောကျာ်းရဲ့သားဆိုသောခေါ်အသံကြောင့် မီးဖိုချောင်ထဲကထွက်လာသော ဒေါ်ဟန်နီသက်မှလည်း အံ့သြလွန်းလို့ ကြောင်အနေလေသည်။သူ့ Baby မှလည်း အံသြကာ သူ့ကိုလန့်သလိုလှမ်းခေါ်လေ၏။
''အဟမ်း''
စေတန်ချောင်းဟန့်အသံလေးပေးလိုက်မှ အကုန်လုံးသတိဝင်လာသလို လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
''မောင်စေတန်အာဏာ ဦးတို့ကိုလာနောက်နေတာလား ''
ဦးမျိုးနိုင်မေးလိုက်ရသော်လည်း သားငယ်လက်ကိုကိုင်ကာ ပြောနေပုံက စနောက်သည့်ပုံမပေါ်ပေ။
''မနောက်ပါဘူး အန်ကယ်''
စေတန်စကားအဆုံး ဦးမျိုးနိုင်နဲ့ဒေါ်ဟန်နီသက်တို့မျက်လုံးချင်းစုံမိလိုက်ကြသည်။
'' အန်တီပြောချင်တာက သားရိပ်က မိန်းကလေးမဟုတ်ဘူးနော် ''
''ဟုတ် ကျွန်တော်သိပါတယ်''
''သားက တစ်ဦးတည်းသောသားဖြစ်လို့ ဆိုးလည်းဆိုးသလို ပြောစကားနားမထောင်ဘူးနော် မောင်စေတန်အာဏာ''
''ရပါတယ် ကျွန်တော်အပေါ် Baby ကြိုက်သလိုဆိုးနိုင်ပါတယ်''
''သားရိပ်က မီးဖိုချောင်နိုင်နင်းသော မိန်းကလေးတစ်ယောက်မဟုတ်သလို အိမ်ထောင်မှုကိစ္စအဝဝကိုလည်း မစီမံနိုင်ဘူး''
''ကိစ္စမရှိပါဘူး Baby ကို မီးဖိုချောင်လည်းမဝင်ခိုင်းသလို အိမ်ထောင်မှုကိစ္စလည်း Baby မလုပ်ခိုင်းပါဘူး ဘာလို့ဆို Baby ကိုသေးသေးလေးတောင်အထိခိုက်မခံနိုင်လို့ပါ''
ВЫ ЧИТАЕТЕ
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Любовные романы''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
