အပိုင်း၁၃(Unicode/Zawgyi)

751 25 2
                                    


Unicode

စေတန် ကလေးနေမကောင်းတာသိရ၍ ဒီနေ့မနက်အလုပ်မသွားခင် သူ့ရဲ့အချစ်တော်လေးဆီသွားဖို့စိတ်ကူးထားလေရဲ့။ဒါကြောင့် ကလေးအိမ်မသွားခင် အောက်ထပ်ခနဆင်းလာကာ မီးဖိုအခန်းထဲ ဝင်လာခဲ့သည်။သူ့မီးဖိုအခန်းထဲရောက်တော့ တွေ့လိုက်ရသော အိမ်တော်ထိန်းကြီးကို။

''ဦးလေး နေမကောင်းတဲ့သူအတွက် အဆင်ပြေမယ့်အရာလေးကို လုပ်ပေးထားပါအုံး......''

''Boss နေမကောင်းလို့များလား.....''

''မဟုတ်ပါဘူး ကျွန်တော်ရဲ့ကလေး နေမကောင်းလို့.....''

''ဟုတ်ကဲ့ ဦးလေးပြင်ဆင်ထားလိုက်ပါ့မယ်......''

ပြောစရာရှိတာပြောပြီး အပေါ်ထပ်သို့ပြန်တတ်လာခဲ့သည်။သူကလေးဆီသွားရန်ပြင်ဆင်နေတုန်း တံခါးခေါက်သံကြားလိုက်ရ၏။

''Boss...... ''

ဝင်လာတာက သူ့ရဲ့လူယုံတော် ဇေယျနိုင်။

''ဘာကိစ္စလဲ ဇေယျ..... ''

မှန်ရှေ့နက်ကတိုင်တပ်နေရင်းမေးလိုက်လေသည်။

''Boss စုံစမ်းခိုင်းထားတဲ့ ကိစ္စကိုလာပြောတာပါ....''

''အင်း.....စာဖတ်အခန်းထဲမှ စောင့်နေ ငါ့လာခဲ့မယ်.....''

''ဟုတ် Boss..... ''

စေတန်ရဲ့စာဖတ်ခန်းဆိုတာထက် ဇေယျနဲ့အတူတူလုပ်ငန်းကိစ္စအပြင်အမှောင်ဘက်ခြမ်းရဲ့ကိစ္စအဝဝကိုဆွေးနွေးတိုင်ပင်သည့်အခါ အဲ့အခန်းထဲတိုင်ပင်တာဆို ပိုမှန်လိမ့်မည်ထင်သည်။

''ဒါက Boss စုံစမ်းခိုင်းထားတဲ့ ဦးနေရောင် အကြောင်းပါ..... ''

စာဖတ်ခန်းထဲစောင့်နေရင်း ဝင်လာတဲ့ Boss ကို အချက်အလက်တွေပါသော ဖိုင်တစ်ခုကိုကမ်းပေးရင်ပြောလိုက်သည်။

''အင်း......''

စေတန် ဇေယျပေးတဲ့ ဖိုင်တစ်ခုကို ဖတ်ကြည့်မိတော့.....

''သူမှ သားတစ်ယောက်ရှိတာ ငါ့တို့ဘာလို့မသိရတာလဲ.....''

''ဟုတ်ပါတယ် Boss ဦးနေရောင်သားတစ်ယောက်ရှိတာ သူကိုယ်တိုင်ကိုက လျိုဝှက်စွာ ထားတာပါ.....''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Donde viven las historias. Descúbrelo ahora