Unicode
ရိပ် ဒီနေ့ကျောင်းပိတ်ထားသောကြောင့် အိပ်ရာကိုနောက်ကျမှထကာ ရေချိုးပြီး မနက်စာစားရန်အောက်ဆင်းလာခဲ့လေသည်။
''မာမီ Morning ''
''Morning သားလေး ''
''ဒယ်ဒီရောမာမီ ''
''သားဒယ်ဒီကအလုပ်သွားတယ်လေ ရှင်လေးသာအိပ်ပုတ်ကြီးနေတာ ''
''ဟီး မာမီကလည်း သားကကျောင်းပိတ်လို့နည်းနည်းနောက်ကျသွားတာပါ ''
''ကဲ ဟုတ်ပါပြီ ''
ကျောင်းပိတ်ရက်တိုင်း မုန့်ထွက်စား စက်ဘီးပတ်စီးနေကျဖြစ်သော ရိပ်သည် ခုလည်း စက်ဘီးတစ်စီးယူကာထွက်လာခဲ့၏။
''ကျွီ.....ဒုန်း ''
''အ.. ''
ရိပ်တစ်ယောက် ခွေးကိုရှောင်ရင် စက်ဘီးအရှိန်ကိုမထိန်းနိုင်ဘဲ ကွေ့လာတဲ့ကားကိုဝင်တိုက်မိလိုက်လေတော့သည်။
''ဇေယျ ဘာဖြစ်တာလဲ ''
''boss ကောင်လေးတစ်ယောက်ကိုကားနဲ့ဝင်တိုက်မိတာ ''
''ကျစ် ''
မြေကွက်ကိစ္စနဲ့ဒီဘက်လာတာကိုပြသာနာရှင်းရအုံးမယ်ဆိုကာ တွေးမိ၍ ကျစ် သပ်မိလိုက်သည်။
''အဲ့ဆို မင်းသွားရှင်းလိုက် ''
''ဟုတ် Boss ''
ဇေယျလည်း ကားနဲ့တိုက်မိတဲ့ကောင်လေးဆီသွားမေးရတော့သည်။
''အဆင်ပြေရဲ့လား ညီလေး ''
''ပြေပါတယ် ကျွန်တော်ကလည်းအရှိန်နဲ့ဆိုတော့ တိုက်မိသွားတာပါ ''
''အကိုတို့ကလည်း လမ်းကွေ့ဆိုတာသတိမထားမိလိုက်ဘူး ''
''ရတယ် အကို ''
ပြောရင်းထရပ်လိုက်ပေမယ့် ရိပ်မထနိုင်ဘဲပြန်လဲကျသွားလေသည်။ကိုယ့်ဘာသာထမရတဲ့နောက်ဆုံး ဘေးကအကိုကို ကူညီတောင်းလိုက်မိသည့်ရိပ်။
''ဟိုလေ အကိုကျွန်တော်ကိုအပန်းမကြီးရင်အိမ်လေးတစ်ချက်လိုက်ပို့ပေးလို့ရမလား ကျွန်တော်ခြေထောက်ကထောက်မရတော့လို့ ''
ငိုမဲ့မဲ့ဖြင့်အကူညီတောင်းလာတဲ့ကောင်လေးကို ဇေယျကူညီချင်သော်လည်း ကားထဲမှမျက်နှာတည်ကြီးနဲ့ထိုင်နေတဲ့ boss ကိုကြောက်ရသေးသည်။ဟိုကသူကားကို သူစိမ်းစီးတာမကြိုက်ပေ။
ESTÁS LEYENDO
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
