အပိုင်း၄၀(Unicode/Zawgyi)

1.1K 19 10
                                        

Unicode

ရိပ် ပြန်သတိရလာတော့ ဘေးပတ်လည်တွင် အလင်းရောင်ပျပျသာရှိသော ဂိုဒေါင်တစ်ခုရဲ့အလယ်တွင် ခန္ဓာကိုယ်ကို ခုံနဲ့အတူတူတစ်ကိုယ်လုံးကြိုးတုပ်ထားပုံရလေသည်။ခြေထောက်တွေကိုပါ ခုံနဲ့တွဲချည်ထားသည့်အတွက် လှုပ်မရပေ။

"Boss ..."

"ဟိုကောင်လေးကရော.."

"အထဲမှပါ .."

မကြာခင် အဝင်ပေါက်ကနေ လူတစ်ဦးဝင်ရောက်လာသလို အဲ့လူရဲ့အနောက်မှ တွေ့လိုက်ရတာက သူ့ကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဟိုလူကြီးနှစ်ယောက်။ကြည့်ရတာ ရှေ့ကလူက သူတို့ရဲ့ခေါင်းဆောင်ဖြစ်ပုံရလေ၏။တဖြည်းဖြည်းနီးလာသည့်နှင့်မြင်လိုက်သော မျက်နှာကြောင့် ရိပ်ရဲ့မျက်နှာတဖြည်းဖြည်းဒေါသယောင်ဖြစ်လာသည်။

"ခင်ဗျား.."

"အိုး စိတ်လျော့ပါကွာ နတ်ဆိုးရဲ့အသည်းအသက်လေး ထပ် တွေ့ရတာဝမ်းသာပါတယ်.."

"ခင်ဗျားနဲ့တွေ့ရတာ ကျုပ်ကဝမ်းမသာနိုင်ဘူး ခုချက်ချင်း ကျုပ်ကို လွှတ်ပေး..."

"ဖမ်းလာပါတယ်ဆိုမှ ပြန်လွှတ်ပေးရအောင် ကလေးတွေ ကစားနေတာမှမဟုတ်တာကွာ.."

"ခင်ဗျား..."

"မကြာခင် အချိန်အတွင်း နတ်ဆိုးလိုလူမျိုး ငါရဲ့အရှေ့မှ ဒူးထောက်တောင်းပန်ရတော့မှ ဟားဟား..."

"ခင်ဗျားက ယောကျာ်းမဟုတ်တဲ့အတိုင်း စောင်ပုံထဲက လက်သီးထုတ်ပြပြီး အနောက်ကနေချောင်းတိုက်ခိုက်နေသေးသရွေ့ ဦး ကို ခင်ဗျား ဘယ်တော့မှနိုင်မှမဟုတ်ဘူးဆိုတာ ကျုပ်ပြောနိုင်တယ်..."

"ဟားဟား နတ်ဆိုးရဲ့လူ ဖြစ်လာတယ်ဆိုတာ မထူးဆန်းတော့ပါဘူး စကားပြောသံတွေက တစ်ထပ်တည်း တူနေတာ..."

"ဒါပေမယ့် မင်း သိထားရမှက ခု ငါ့ပိုင်နက်ဆိုတာ မင်းသိထား.."

"ခင်ဗျား ပိုင်နက်မကလို့ ဘာပဲဖြစ်ဖြစ် ကျုပ်က​စောက်ဂရုကိုမစိုက်တာ ..."

"မင်းက နတ်ဆိုးရဲ့အချစ်တော်ဖြစ်နေတာလည်း မပြောနဲ့ မိန်းကလေးထပ်တောင် ပိုချစ်စရာကောင်းတာကို..."

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Место, где живут истории. Откройте их для себя