အပိုင်း၂၄(Unicode/Zawgyi)

678 20 2
                                    

Unicode

စေတန် သူ့လိုလူမျိုးက ဘယ်လိုအရာမှ မကြောက်တတ်သော်လည်း သူဘဝအတွက်အရေးပါဆုံး Baby ကိုတော့ မှဲ့တစ် ပေါက်တောင် မစွန်းထင်းအောင် ကာကွယ်မည့်သူပင်။သူတွေးနေတုန်း တံခါးခေါက်သံကြားလိုက်ရလေ၏။

''ဒေါက်..... ဒေါက်.....''

''ဝင်ခဲ့......''

"Morning Boss...... ''

''အင်း ငါ့နဲ့ စာဖတ်ခန်းသွားရအောင်.....''

ဇေယျ Boss က ခေါ်ထားသည့်အတွက် မနက်စောစောထကာ လာခဲ့ရသည်။

''Baby အနားကို လက်ရွေးစင်တွေထဲကနေ အတော်ဆုံးဆိုတဲ့ သူတွေကို Baby မသိအောင် တိတ်တဆိတ်လွှတ်ပေးထား......''

''ဟုတ်ကဲ့ပါ Boss...... ''

''ပြီးတော့ အိမ်နားလေးကို ထားပေးထား.....''

''အစ်ကိုလေး တစ်ခုခုများဖြစ်လို့လား Boss...... ''

''မနေ့က Baby နဲ့အပြင်သွားတုန်း Lion လူတွေကို ငါ့တွေ့လိုက်တယ် ကြည့်ရတာ ငါ့အကြောင်းတွေကို စုံစမ်းနေပုံရတယ်.....''

''ဒါဆို....... ''

'' ဟုတ်တယ် မင်းထင်နေသလိုပဲ ဇေယျ သူကငါ့ကိုနိုင်ဖို့ဆိုရင် ဘာမဆိုလုပ်မှ အဲ့ကြောင့် Baby ကိုဦးတည်မှဆိုတာ ငါ့သိတယ်..''

''ကျွန်တော် ခုချက်ချင်း စီစဉ်လိုက်ပါ့မယ်.....''

ဇေယျထွက်သွားတော့မှ သူ့ရဲ့Baby ဆီဖုန်းလှမ်းဆက်နိုးရတော့လေ၏။

''Morning ဦး''

''Baby မထသေးဘူးလား.....''

''အင်း....ထချင်သေးဘူး....''

အိပ်ချင်မူးတူးအသံလေးဖြင့် ပြန်ပြောနေပုံက တကယ်ချစ်စရာBaby။

''Baby အသံလေးကြားချင်လို့ ဦးဆက်လိုက်တာ နိုးမိသွားတယ်.....''

''ရပါတယ် ဦးရဲ့ တစ်ခုခုများဖြစ်လို့လား......''

''မဟုတ်ပါဘူးကွာ ဦးကလေးလေးကို လွမ်းလာလို့......''

''ဦးကတော့ မနက်မနိုးသေးဘူး Baby ကို စကားတွေနဲ့ချုပ်နေပြီ.....''

''တော်ကြာ Baby ကိုယ့်ဆီကထွက်ပြေးမှ စိုးရိမ်လို့.....''

''ဦးစေတန်အာဏာဆိုတဲ့ဦးရဲ့ရင်ခွင်ထဲပဲနေမှ.....''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Où les histoires vivent. Découvrez maintenant