Ep-(1)

1K 14 2
                                    

“ ပစ္စည်းတွေကို ဒီမှာချ...ဒီနေ့ကစပြီး
ညည်းတို့ ဒီမှာနေရမယ် “

အဝါနုရောင်ဆေးခြယ်ထားသည့် ရိုးရိုးရှင်းရှင်းနှစ်ထပ်တိုက်အိမ်ကြီး တည်ရှိရာ
သစ်ပင်အချို့နှင့် အုပ်ဆိုင်းနေသည့်
ခြံကျယ်ကျယ်ထဲသို့ သူ ခေါင်းငိုက်စိုက်ဝင်လာသည် ။

သာမာန်အိမ်များကဲ့သို့ ဝရံတာပါသည် ။
အိမ်ရှေ့တွင် ကျွန်းဖြင့်ပြုလုပ်ထားသော
ကနုတ်လက်ရာအပြည့်နဲ့ တိုင်ကြီးနှစ်လုံး
ရှိသည် ။အိမ်နှင့်လှမ်းလှမ်း
မြေကွက်လပ်တွင် ဂိုထောင်ဟောင်းတစ်လုံး
ရှိသည် ။

“ မထူး ဒါ ညည်းအတွက် ညည်းရွာကိုပြန်ချင်လည်း ပြန် ဒီမှာအလုပ်လိုချင်လည်း ငါ စီစဉ်ပေးမယ်ငါတို့အိမ်မှာ ထမင်းဟင်းကို မူရာနဲ့ကလ်ျာချက်လိမ့်မယ် “

အိမ်က ထမင်းချက်အဒေါ်ကြီးကို
ရိက္ခာအချို့နှင့် ပိုက်ဆံပေးကာ ပြန်လွှတ်နေသည့် ရွှေဆွဲကြိုး ၊ရွှေလက်ကောက် မှအစ ရွှေခြေကျင်းအထိဝတ်ထားသော အသက်ခုနှစ်ဆယ်ကျော်ဝ ဝ ခန့်ခန့် အဖွားကြီးမှာ သူ ကြောက်ရသောဖွားဖွားကြီးအစစ် ။

“ ဝူးးး “

ခြံထဲမှ ဖြတ်တိုက်လာသည့် လတ်လတ်ဆတ်ဆတ် လေကို တဝကြီးရှူသွင်းပြီး ရှူထုတ်လိုက်သည် ။
မင်းမြတ်ဘေးတွင် မျက်နှာညိုညိုဖြင့်
ရပ်နေသော မာမီဒေါ်မူရာသက်ဝေ ကိုရော ၊ မာမီ့ကို နှစ်သိမ့်ဟန်နှင့်ကြည့်နေသော ဒယ်ဒီ့ကိုပါကြည့်ရင်း သူ စိတ်လေ လာသည် ။

“ ဟော...ကလ်ျာ ညည်းတို့ကလည်း
နောက်ကျရန်ကော...”

“ ဆိုင်ပိတ်ရသေးတယ်လေ မေမေရယ် “

သူ့ ဒေါ်လေး ကလ်ျာသက်ဝေ နှင့်
သူ့သား သန့်ကြည်စင်ဖြူ ကားပေါ်မှ
ဆင်းလာသည် ။ သန့်ကြည်စင်ဖြူ က
သူ့ကို လှမ်းပြောင်ပြသည် ။ သူက
လက်သီးပြလိုက်သည် ။

“ မင်းမြတ် သား မျက်နှာက ဘာဖြစ်နေတာလဲ “

“ ဘာမှမဟုတ်ပါဘူး “

အိမ်အပေါင်ဆုံးခြင်း မဟုတ်ပါ ။
မာမီတို့ညီအစ်မတွေ မတည့်လွန်း၍
သူ့အိမ်တွင် မိသားစုနှစ်စုပေါင်းနေရန်
ဖွားဖွားကြီး အမိန့်ချလိုက်ခြင်းသာ ။
သူဆိုသော မင်းမြတ်သံစဉ် ရယ် ၊
မာမီ ရယ် ၊ ဒယ်ဒီရယ် ၊ သန့်ကြည်စင် ရယ်
သူ့မိဘနှစ်ပါးရယ် ၊ ဖွားဖွားကြီးရယ်
အားလုံးပေါင်း လူ ခုနှစ်ယောက်
ပေါင်းနေရန် အမိန့်ချလိုက်ခြင်းဖြစ်သည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now