ep-(22)

270 18 10
                                    

သန့်ကြည်စင် သည် တညနေလုံး
ရည်းစားစာရွက်အား ရတနာတစ်ခုလို
ဘယ်နားထားလို့ ထားရမှန်းမသိ ဖြစ်နေသည် ။ ဘာအကြောင်းရေးထားသနည်း သိချင်သော်လည်းမီးကင်လိုက်လျှင် စာတွေပေါ်လာ၍ အလုပ်မဖြစ် တော့မည်စိုး၍ သိချင်စိတ်အား အောင့်အီးထားရရှာသည် ။ အကိုလေးနှင့် အခြေအနေလှလျှင် မင်းမြတ်ထံမှ ချေးထားသည့် ပိုက်ဆံကုန်အတိုးရော အရင်းပါ ပေါင်းဆပ်ရန် ကတိ ကြီးကြီးပေးချပစ်လိုက်သည် ။

လောလောဆယ်တော့ စာကြည့်စားပွဲပေါ်တွင်သာစာကို အခေါက်လိုက်လေး တင်ထားလိုက်သည် ။သူ စောစောအိပ်ဖို့လိုပြီ ။ သို့မှသာ စောစော ထ နိုင်မည် ။

ရေလည်းချိုးရဦးမည် မဟုတ်လား ။

××××××××××××××××

" မေမေ...."

" ဘာပြောမလို့လဲ သမီးငယ်..."

သူများတွေ အမြင်၌ သမီးလေး သည်
တစ်ဦးတည်းသော သမီးဖြစ်သည့်တိုင် သူမ
နှလုံးသားထဲ၌ သားကြီးတစ်ယောက် ရှိသည် ဟုတွေးဆထားသည် ။ သူမ ငယ်စဥ်ကနှင့်
တထေရာတည်းတူသော ဖြူဖြူနုနု သမီးငယ် သည်သူမဘေးတွင် ညင်သာစွာ ဝင်ထိုင်လျက်...

" သမီး အစ်ကိုနဲ့တူတဲ့လူကို
တွေ့လိုက်တယ် "

" ဘာရယ်...မဖြစ်နိုင်တာ သမီးရယ် သားက
ရန်ကုန်မှာ ဘယ်လိုလုပ်ရှိမှာလဲ...တောင်ကြီးမှာပဲရှိမှာပေါ့.."

သူမ လေးတွဲ့တွဲ့ သက်ပြင်းချရင်း စင်ပေါ်ရှိ
နတ်သမီးအရုပ်အား အကြောင်းမဲ့ငေးမော
မိသည် ။ သူမ သည် ယခင်က နုပျိုခဲ့သော
ခတ်ခတ်ဒေဝီ မဟုတ်တော့သလို ၊
အသိစိတ်လွတ်စွာ မိုက်မဲခဲ့သော မိန်းမပျိုလေးခတ်ခတ်ဒေဝီ သည်လည်း အချိန်နှင့်အတူလွင့်ပြယ်လျက် ဆုံးပါးသွားသော ဒုတိယအမျိုးသား၏ လုပ်ငန်းအား ဦးစီးလျက်ရှိသောသမီးတစ်ယောက်အမေ ခတ်ခတ်​ဒေဝီဖြစ်နေပြီ ။

ချို့ငဲ့သည့် အချိန်က ငွေ ကို ရွေးခဲ့သော်လည်းအစစ အရာရာ ပြည့်စုံနေသော ထို အချိန်တွင်သား ကို သာ တောင့်တမိသည် ။ သား သာ ရှိလျှင်သူမ ဘဝ
အလုံးစုံ ပြည့်စုံပြီ ။

" မေ​မေ အဲ့ဒီ့ကို အလုပ်နဲ့ သွားတုန်းက နန်းခင်ခမ်းမေ ကသားကို လုံးဝ ပေးမတွေ့ဘူးရယ်...မေမေ လည်း လက်မလျော့ဘဲ တစ်လတိတိသွားခဲ့ပေမယ့် သားကို လုံးဝ
မတွေ့ဘူး "

ချစ်အိမ်ကလေး ( Completed) Tempat cerita menjadi hidup. Temukan sekarang