ep-(30)

252 16 8
                                    

မင်းမြတ် သည် ကျသွားသော သော့အား ဖြတ်ခနဲကောက်ကာ ခြံတခါးကို ဖွင့်လိုက်သည် ။ အမျိုးသမီးကြီး၏ မျက်နှာသည် သူမအားတံခါးဖွင့်ပေးမည်အထင်နှင့် တောက်ပလာသည် ။ သို့​သော် သူမ စိတ်ကူးနှင့်လက်တွေ့ ထပ်တူမကျချေ ။ မင်းမြတ်က ခြံတခါးဖွင့်ပြီးပြီးချင်း ခြံပြင်သို့ထွက်ကာ ခြံပေါက်ဝ အားကိုယ်နှင့် ကွယ်လိုက်သည် ။

" ဒါ အန်တီလာသင့်တဲ့ နေရာမဟုတ်ဘူး "

" မင်း ဒါဘာလုပ်တာလဲ ကောင်လေး ငါက
ငါ့သားကို လာကြည့်တာ "

" အစ်ကိုက အန်တီ့ကိုတွေ့ချင်တာ မဟုတ်ဘူး "

" မင်း တခုခုပြောထားလို့မလား "

ဒေါ်ခတ်ခတ်​ဒေဝီ က အလျော့မပေးဘဲ
မျက်နှာထားကို ကြောက်စရာကောင်းလောက်အောင် တင်းလျက် မင်းမြတ်အား စွပ်စွဲသည် ။

" ကိုယ့်သားကိုယ် သူများ ပေါက်ကရလှိမ့်တိုင်းယုံမယ့်လူစားမျိုးလို့ သတ်မှတ်ပြီး ဘယ်လိုစိတ်နဲ့အမေလုပ်ချင်သေးတာလဲ
အန်တီ "

" ဖယ်..ငါ့သားကို လာခေါ်မှာ နင်တို့ မထည့်လို့မရဘူး သူက ငါ့သား "

" အစ်ကို က အသက်မပြည့်သေးတဲ့ ကလေး
မဟုတ်ဘူးနော်...သူ့ စိတ်ဆန္ဒမပါရင် ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး ပြီးတော့ အန်တီ့သားလည်းမဟုတ်ပါဘူး အန်တီ နန်းခင်တို့သားပါ "

မင်းမြတ် ပြောလိုက်သည့်စကားကို အမျိုးသမီးကြီး က တုန်လှုပ်ဟန်မပြဘဲ ဟက်ဟက်ပက်ပက်ရယ်တော့သည် ။ မင်းမြတ်လည်း သူမကို မြန်မြန်ဒေါသထွက်ပြီး ပြန်စေချင််၍ ပြောကာမှမနာသည့်အပြင် ရယ်ပါရယ်နေသဖြင့်
မည်သို့လုပ်ရမှန်းမသိ ။

" ငါ့သားက နန်းခင်ခမ်းမေ ရဲ့ မွေးစားသားဖြစ်သွားကြောင်း သက်သေပြဖို့ စာချုပ်စာတမ်း လိုတယ်ကောင်လေးရဲ့..အဲ့ဒါကို ငါ့ဆီပြနိုင်ရင် ငါ
ထွက်သွားပေးမယ် ဟုတ်ပြီလား "

ဒေါ်ခတ်ခတ်ဒေဝီ က တမင်ခနဲ့နေချေပြီ ။
စိုင်းခမ်းမော် သူ့မွေးစား မိဘများထံ
ရောက်လာစဥ်က အဒေါ်ဖြစ်သူပါ ဆုံးပါးသွားပြီဖြစ်ရာ မွေးစားရန် သဘောတူညီသူ နေရာတွင်လက်မှတ်ထိုးရန် လူမရှိခဲ့ ။ ထို့အတွက်ကြောင့် သူတို့သာ အုပ်ထိန်းသူ ၊ မိဘနေရာဝင်ယူလျက် စောင့်ရှောက်ခဲ့ခြင်းဖြစ်သည် ။

ချစ်အိမ်ကလေး ( Completed) Donde viven las historias. Descúbrelo ahora