Ep-(17)

36 5 0
                                    

အပြာရောင် ကောင်းကင်တစ်ခွင်သည်
ကြည်တောက် လျက်ရှိသည် ။ နေရောင်ခြည်
အလင်းတန်းက သစ်ပင်ပေါ်မှ တဆင့်
မှန်ပြတင်းပေါက်သို့ လာထိုးသည် ။

မင်းမြတ်သည်  မနိုးသေးဘူး ထင်၍ နှိုးမည်အကြံနှင့်အခန်းထဲ ဝင်လာသော စိုင်းခမ်းမော် အားတွေ့တွေ့ချင်း ​ သူ့ လက်ထဲမှ ဖုန်းကို
လက်ညိုးထိုးကာ အလောတကြီးဆိုသည် ။

" အစ်ကို..အစ်ကို့ဖုန်း ကျွန်တော့်ကို ခဏပေး.."

စိုင်းခမ်းမော် သည် ကြောင်တစ်ကောင်
ငါးကြော်တွေ့သလိုမျိုး ဖုန်းကိုပဲ ငမ်းငမ်းတက်လိုချင်နေသည့်​ မင်းမြတ် အား ကြည့်ရင်းရယ်ချင်မိသော်လည်း လက်ထဲမှ ဖုန်းအားကမ်းပေးလိုက်သည် ။

" ရော့လေ. ဘာဖြစ်လို့လဲ "

ဖုန်း ရလျှင်ရချင်း မင်းမြတ် သည် စိုင်းခမ်းမော်အမေးအား ပြုံးလျက်သာ တုံ့ပြန်လိုက်သည် ။ စိုင်းခမ်းမော် ကလည်း ဆက်မမေးတော့ဘဲမင်းမြတ် အပြုအမူကိုသာ ပြုံးကြည့်
နေလိုက်သည် ။ ၅မိနစ်ခန့် စိတ်ကြိုက် ကလိပြီးသောအခါတွင်...

" အစ်ကို ဒီမှာကြည့် "

အပြာနုရောင်နှင့်ပန်းရောင်ရောထားသော
အသည်းပုံ Logo နှင့် App တစ်ခုဖြစ်သည် ။
App အား နှိပ်လိုက်သည့်အခါ ချစ်သူနှစ်ဦးနေရာတွင် မင်းမြတ်တို့နာမည်နှင့် အခြားအချက်အလက်ကို ဖြည့်ထားသည် ။

" ကျွန်တော် ချစ်သူဖြစ်တာ ဒီနေ့နဲ့ဆို နှစ်ပတ်နဲ့သုံးရက် ရှိပြီ..ဒီနားက အသည်းပုံလေးက
ချစ်သူ ဖြစ်တဲ့ရက်ကို ပြောတာ..ပြီးတော့
Location လည်းချိတ်ထားတော့ အစ်ကို
ဘယ်မှာရှိလဲ ကျွန်တော်က ကြည့်လို့ရတယ်
အစ်ကို့ဘက်ကလည်း ကျွန်တော့်ကို
ရှာလို့ရတယ်..."

မင်းမြတ်သည် ဖုန်းမျက်နှာပြင်အား စိုင်းခမ်းမော်ဘက်သို့ လှည့်ပြ၍ App အကြောင်းကို
အားတက်သရော ပြောပြသည် ။ စိုင်းခမ်းမော် က ပြုံး၍ နားထောင်လျ​က်..

" ကိုယ်က ဘယ်မှာရှိရမှာလဲ မင်း​​မြတ်
ဘေးမှာ ရှိမှာလေ..."

" အယ်..အစ်ကိုကလည်း ကျွန်တော်ပြောတာကအစ်ကို အပြင်တွေဘာတွေသွားရင် ကျွန်တော့်ဆီမှာ ပေါ်မှာ...ကျွန်တော့်ကို မခေါ်ဘဲ သွားလည်းကျွန်တော်က ချက်ချင်း လိုက်လာလို့ရတယ် "

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now