ep-(21)

292 16 8
                                    

" ငါ့သားလေး လွမ်းလိုက်ရတာ..."

ဆံပင်အား တင်းကြပ်စွာ စည်း၍ အနောက်သို့ထုံးထားသော အမျိုးသမီးကြီးတစ်ဦး သည်အသက်အရွယ်နှင့် မမျှသော နီရဲရဲ နှုတ်ခမ်းနီ ကိုဆိုးထားသည် ။ တချိန် နုနယ်ခဲ့သော သူမ၏မျက်နှာသည် ရဲရင့်သော ဇာမဏီငှက်တစ်ကောင်ကဲ့သို့ တည်တင်းပြတ်သားလျက် ။

ဆုံလည်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာကျောမှီထိုင်နေသော သူမသည် အလတ်စားဆိုဒ်ရှိသော ဓာတ်ပုံလေးတစ်ပုံအားလက်နှစ်ဖက်ဖြင့် တယုတယ ကိုင်ထားသည် ။

" သားဆီ အမေ ပြန်လာပြီ..."

နီရဲပြည့်တင်းသော နှုတ်ခမ်းတစ်စုံ
ကော့တက်သွားလျက်..။

×××××××××××××××

သို့..
ချစ်ရပါသော အကိုလေး....။

ပန်းနုရောင် စက္ကူပေါ်ထက် ရှိ အနက်ရောင်လုံးများသည် ပုလဲလုံးလေးများကဲ့သို့ ဝိုင်းစက်ညီညာလျက် ။ လက်ရေးဖြစ်ကတတ်ဆန်း ရေးနေကျ
သန့်ကြည်စင် သည် ဒီလို ဝိုင်းဝိုင်းစက်စက်
လက်ရေးမျိုးရဖို့ တစ်နာရီခန့်
အချိန်ပေးရေးရသည် ။ ကြမ်းပြင်ပေါ်၌ လုံးချေထားသောစာရွက်များက အပုံလိုက် ။

" ပြီးတော့ ဘာရေးရမှာပါလိမ့်...ဒီနားမှာတင်
တစ်နေပြီ "

~~ ဒေါက်...ဒေါက်...ဒေါက်...~~

" သန့်ကြည်စင် ညနေစာမစားဘူးလား..ဖွားဖွားကြီးမေးနေတယ် "

တံခါးခေါက်သံ တဒေါက်ဒေါက်နှင့် အပြိုင်
ထွက်ပေါ်လာသော မင်းမြတ်အသံအား
ကြားသည့်အခါ သန့်ကြည်စင် ခေါင်းထဲ
လျှပ်စီးလက်သလို လက်ခနဲဲ ဖြစ်သွားသည် ။
မင်းမြတ်တွင် ချစ်သူရှိတော့ သူ့အတွက်
ရည်းစားစာလှလှ တစ်စောင်တော့
ရေးပေးနိုင်လောက်သည် ။

" သားကို ကူညီပါဦး...ဒီမှာ အရေးပေါ်ကိစ္စတွေဖြစ်နေပြီ "

" ကိုဗစ်ကူးတာလား...အပြင်မထွက်လာနဲ့နော်
ကျန်းမာရေးဌာနကို ဖုန်းဆက်ပေးမယ်
စိတ်ထဲ ဘာမှမဖြစ်နဲ့ဦး...မင်းလို ကိုယ်ခံအားနဲ့ဆို အနည်းဆုံး အသက်ပျောက်ရုံပဲ "

" အာ..ပါးစပ်ပုပ်ကြီးနဲ့ အဲ့ကိုဗစ် ကိုကြီးပဲ ဖြစ်..အထဲသာ ဝင်ခဲ့ပါ..ဘာ ကိုဗစ်မှ မရှိဘူး
ေဟာဒီ့က သန့်ကြည်စင်ဖြူက လက်လျားလက်လျား အပြင်ထွက်နေတဲ့ကိုကြီးတို့ အတွဲကိုတောင် ကြောက်ရမှာ "

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now