ep-(20)

355 17 14
                                    

" ဒီနေ့ သတင်းမှာလာတာ ကြည့်လိုက်ရလား
မသိဘူး..ကျောင်းသူလေးတစ်ယောက် က
စာမေးပွဲအတွက် သူရဲကောင်းတွေအကြောင်း
မေးတဲ့ အဖြေလွှာကို စာရွက်အလွတ်ကြီး
ထပ်ပေမယ့် အမှတ်အပြည့်ရသွားတဲ့
အကြောင်းလေ "

တိတ်ဆိတ်နေသော မနက်စာဝိုင်းအား ေဒါ်လေးမှသတင်းတစ်ခုဖြင့် စတင်လိုက်သည် ။ မင်းမြတ်သည် ဒေါ်လေး၏ စကားကို မထူးဆန်းဟန်ဖြင့်ပုခုံးတွန့်ကာ ကြာဇံချက်ပန်းကန်အား မွှေလျက်..

" မထူးဆန်းပါဘူး..ဆရာကို လာဘ်ထိုးတတ်ရင်ရတာပဲ.."

" သားတို့်အတန်းထဲမှာလည်း ရှိတယ်...သူက
အတန်းပိုင်ဆရာမကို လတိုင်း ဆီပုံးတွေ ဆန်တွေနဲ့ကန်တော့တာ..အဲ့ဒါကတော့ main ပေါ့ဗျာတခြား ပါတိတ်တို့ဘာတို့လည်း ပါမှာပေါ့ အဲ့ကောင်မလေး ကလေ ပထမ အတော်ဆုံးကနေကိုမဆင်းတော့ဘူးဗျာ "

" သန့်ကြည်စင်ရယ်.နင့်ကို ဒါတွေမ​ကြိုက်တာသူများကို သွားစွပ်စွဲပြန်ပြီ သူ့ဟာသူ တော်လို့ ရတာနေမှာပေါ့..နင့်ဟာနင်ကျ မကြိုးစားဘဲ "

မာမီ က လေပြေကလေးနှင့် သန့်​ကြည်စင် အားဝင် ဟန့်သည် ။ မင်းမြတ်စိတ်ထဲတွင်လည်းမာမီ့စကားကို ထောက်ခံမိသည် ။ သို့သော်သန့်ကြည်စင် က လက်ဖဝါးနှစ်ဖက် အားဝှေ့ယမ်းကာ ခေါင်းခါ၍..

" နိုး...နိုး...နိုး...သား ပြောတာ မဆုံးသေးဘူး..
ကြီးကြီးပြောသလိုပဲ သူ့ဟာသူ တော်လို့ရတယ်ပဲထားပါ..ဒါပေမယ့် အတန်းပိုင်က အဲ့ကောင်မလေး လုပ်တဲ့ အပြစ်တွေကို သူ့သူငယ်ချင်း ကို လွှဲချတာ "

" ဘာရယ်.."

" ဟုတ်တယ်..ဆရာမက စာသင်နေတာ အဲ့ကောင်မလေးက သူ့သူငယ်ချင်း ကို စကား ကပ်ပြောတာ သားမြင်လိုက်တယ်..သူ့သူငယ်ချင်းကစာကြည့် လို့ ပြန်ပြောတာလည်း ကြားတယ်ဒါပေမယ့် ဆရာမက ဆူတော့ သူ့ သူငယ်ချင်း ကို.."

" ​ေဩာ်...ဒါကတော့ ဒီလိုပဲ အမှတ်မှားတာ
နေမှာပေါ့ မင်းကိုက အကုသိုလ်လိုချင်နေတာ
ဒါကြောင့်လည်း အခုထိ Fa ဖြစ်နေတာ.."

မင်းမြတ် သည် သန့်ကြည်စင် အား မသိမသာဖဲ့လိုက်သည့်အခါ သန့်ကြည်စင် က လက်ထဲမှဇွန်းအား ပန်းကန်ထဲ ပစ်ချလိုက်သည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now