ep-(18)

301 17 8
                                    

သန့်ကြည်စင် သည် နှိုးစက်အား ၈နာရီ တိတိ
ပေးလိုက်ကာ အိပ်ရာပေါ်သို့ လှဲချလိုက်သည် ။ အရင်ညတွေက ဒီအချိန်ဆို Ficton ထိုင်ဖတ်နေကျဖြစ်၍ အသားလွတ်ကြီးလှဲနေရသည်မှာ တစ်ခုခုလိုနေသလို မျက်လုံးက ကျီးကြည့်ကျီးကြောင် ။ဖုန်း အား လက်လှမ်းမည်အကြံ မဖြစ်သေးပါဘူး ဟု သက်ပြင်းချမိသည်မှာ အခါခါ ။

~~ တောင်ခ်...~~

အသံအဆုံးထိ ချဲ့ထားသဖြင့် လူခြေတိတ်ချိန်တွင်Noti တက်သံအား အတိုင်းသားကြားရသည် ။ဖုန်းဖွင့်ကြည့်သည့်အခါ သူများကောင်းတယ်ပြော၍ Library ထဲထည့်ထားသည့် Fictonတစ်ပုဒ် ၏ Update
ဖြစ်သည် ။

သန့်ကြည်စင် သည် လက်သီးလက်မောင်း
တန်းကာ ကြီးကျယ်သော ဆုံးဖြတ်ချက်အား
ပိုင်ပိုင်နိုင်နိုင် ချလိုက်သည် ။

" ဒါလေး တစ်ပိုင်းဖတ်လိုက်လို့ ဘာမှ
မဖြစ်ပါဘူးကွာ..."

××××××××××××

" ေမ လ အလယ်ဆိုတော့ မိုးဦးက စ ​နေပြီလေ..ကြည့်ပါဦး မနေ့ကပဲ ခြစ်ခြစ်တောက်ပူနေတာ...ဒီနေ့ကျ တကယ့်
မိုးတွင်းအတိုင်းပဲ  "

" မိုး စ ရွာလာပြီဆိုတော့ ရောဂါပိုးတွေ ပြန် ထ လာမှာစိုးရတယ်..."

" အာ..မဟုတ်တာ ဒေါ်လေးကလည်း..နေပူတိုင်းသာေရာဂါပိုးသေကြေးဆို အာဖရိကမှာ သွားနေမလားအဲ့မှာတောင် ပိုးတွေတွေ့နေတာ "

" နင်ကလည်း ပြောလိုက်ရင် ကတ်သီးကတ်သပ်...မိုးရာသီကျ နှာစေး ချောင်းဆိုတွေ ဖြစ်တာလည်း. နင်တို့ပဲ "

အခန်းရှေ့၌ မင်းမြတ်နှင့် မေကြီး စကားများနေသံကို မျက်လုံးမပွင့်သေးခင် ၌အိပ်ရာထဲက တန်းကြားရသည် ။ သူ အိပ်နေပြီဆိုတလောကလုံး က ဘယ်ကမှန်းမသိတဲ့ဆူညံသံတွေ ရောက်လာပြီ ။ အိမ်သားတွေက အခန်းဝမှာ စကားရပ်ပြောသည် ။မီးဖိုခန်းထဲမှ ဂလုမ်ဂလွမ် အသံများက ကြားရသည် ။ သူတို့ အိပ်ချိန် လမ်းလျှောက်လျှင်တောင် " တိုးတိုးလျှောက် " တဲ့ ။

မပွင့်တပွင့်ဖြစ်နေသော မျက်လုံးအား လက်ချောင်းများ ခပ်နာနာပွတ်ကာ လက်နှစ်ဖက်ကို အပေါ်သို့အသားကုန် ဆန့်လိုက်သည် ။ ပြတင်းပေါက် ခန်းဆီးနောက်ကွယ်မှ ရေးတေးတေး မြင်ရသောကောင်းကင်က မီးခိုးရောင်သမ်းနေသည် ။ နှိုးစက်ကလည်း မမြည်သေး ။ နှိုးစက်မမြည်ခင် နိုးသည့်အတွက် သန့်ကြည်စင် ကို်ယ့်ကိုကိုယ် ကျေနပ်မိသည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now