ep-(11)

343 19 6
                                    

" မင်း ငိုနေတာလား "

" ဟမ်.."

စိုင်းခမ်းမော် ၏ ဇတ်လမ်းအတွင်း
မြောပါသွားသော မင်းမြတ်သည် ​အိပ်မက်မက်နေသူကဲ့သို့ ဆတ်ခနဲ
သတိဝင်လာကာ ပါးပြင်ပေါ်မှ မျက်ရည်စီးကြောင်းအချို့အား သတိထားမိသည် ။

" ကျွန်တော်တောင် သတိမထားမိဘူး "

မင်းမြတ် က ရှက်ရွံ့ဟန်ဖြင့် ပြောလာသည့်အခါစိုင်းခမ်းမော် သည် နှစ်လိုဖွယ် ကောင်းသောအပြုံးအား ပြုံးကာ..

" ဒါက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်..စိတ်ထဲ
မထားပါနဲ့...ဒါနဲ့ မင်း ရော ကိုယ့်ကို
ပြောစရာမရှိဘူးလား "

လက်ဖက်ရည်ခွက် အား လက်သည်းဖြင်​့
တဒေါက်ဒေါက်ခေါက်နေရင်း စိုင်းခမ်းမော် ၏နက်မှောင်သော မျက်ဆံ ဗဟို အား
မင်းမြတ် စိုက်ကြည့်လိုက်သည် ။
မင်းမြတ် ဟန် ကတစုံတခုအား လေးလေးနက်နက် ပြောချင်သယောင် ။

" ကျွန်တော် ခင်ဗျားနဲ့ ငြိမ်းချမ်းရေးလိုချင်တယ် "

မင်းမြတ် စကားအဆုံးတွင် စိုင်းခမ်းမော် သည်ကြောင် အ သွားဟန်ဖြင့် အောက်နှုတ်ခမ်းလွှာကပွင့် ဟ သွားသော်လည်း စက္ကန့်အနည်းငယ်အကြာပြက်လုံးတစ်ခုအား ကြားရသလို အသံထွက်ရယ်တော့သည် ။ မင်းမြတ် သည် စိုင်းခမ်းမော်
နှင့်အတူ လိုက်ရယ်ရမည်လား ၊ စိတ်တိုရမည်လားဝေခွဲမရဖြစ်ကာ နားရွက်အနောက်ဖက်အားခပ်ဖွဖွကုပ်ကာ အီလည်လည်ဖြစ်နေသည် ။

" ကိုယ်တို့က ရန်သူတွေမှ မဟုတ်တာ..ကြည့်ရတာမင်း ကိုယ့်ကို ရန်သူလို သဘောထားခဲ့တယ်ထင်တယ် "

" နည်းနည်းလေး အမြင်ကတ်ခဲ့ပေမယ်​့
ရန်သူအဆင့်တော့ မဟုတ်ပါဘူး..ကျွန်တော့်ကို ဟိုဟာလုပ် ၊ ဒီဟာလုပ်နဲ့ ဖခင်ကြီးလို လိုက်ပြောနေတော့ စိတ်တိုတာရယ် ၊ လူစိမ်းဆိုတော့ သံသယဝင်မိတာလေးရယ် ပါ..ရန်သူလိုသဘောမထားပါဘူး "

" ကိုယ်လည်း အစက မင်းအချိုးတွေကို
သဘောမကျခဲ့ဘူးလေ..ဒီကောင်လေး
အချိုးပြေမယ့် ပုံမပေါ်ဘူးလို့ သိသိချင်း ခံစားမိတာ မင်း အချိုးတွေနဲ့ လူလောကထဲမှာတစ်ယောက်တည်းလူလုပ်ဖို့ မဖြစ်နိုင်ဘူးလေ..ဒါပေမယ့် အခုတော့ "

ချစ်အိမ်ကလေး ( Completed) Tempat cerita menjadi hidup. Temukan sekarang