final

693 24 15
                                    

စီစီရီရီတန်းနေသော ခပ်စိတ်စိတ်သစ်ပင်များသည်မြူများဝေ့နေသောကြောင့် အုံ့မှိုင်းမှိုင်း ပတ်ဝန်းကျင်အား ဖြစ်ပေါ်စေ၏ ။ နေပျောက်တစိုးတစိ မျှ ဖြာမကျနေသော သစ်ပင်များကိုကြည့်ရင်း ရန်ကုန်အိမ်ကို လွမ်းမိသား ။ အခုလောက်ဆို မိုးတိတ်လို့ ဖွားဖွားကြီးစိုက်ထားသည့် အပင်တွေပေါ် နေရောင်ခြည်နွေးနွေးလေးတွေဖြာကျနေလောက်ပြီ ။

ပြတင်းပေါက်ကပ်လျက် က ကျွန်းစားပွဲပေါ်ရှိ ဆင်းမ်ကတ်ထုတ်ထားသော ဖုန်းတစ်လုံး ။ ခပ်စိမ်းစိမ်းလေအေးများက မျက်နှာပေါ် တဟူးဟူး လာရိုက်ခတ်သည် ။မကြာခင် မိုးရွာတော့မည် ။

ဆင်းကဒ်အား ပလတ်စတစ်အိတ် အကြည်ထဲမှထုတ်လျက် လက်ထဲထည့်ကာ ဖုန်းအား
တချက်ကြည့်မိစဥ် အနောက်မှ တစုံတဦး၏
ခြေသံက ထွက်ပေါ်လာသည် ။

" ဆင်းကဒ်ပြန်ထည့်ကြည့်ချင်လို့လား မင်းမြတ် "

စိုင်းခမ်းမော်၏ အမေးကို မင်းမြတ် ေခါင်းညိမ့်လျက် ဖြေလိုက်သည် ။ သူတို့် တောင်ကြီးရောက်ပြီး ကတည်းက ဒေါ်ခတ်ခတ်ဒေဝီ ကလွှဲလျှင်အိမ်ကလူတွေနှင့် အဆက်ပြတ်နေသည်မှာတစ်လကျော်နေပြီ ။

" ပြန်ထည့်ကြည့်လေ သူတို့ဘာတွေပြောထားလဲကိုယ်တို့သိရတာပေါ့ "

အချိန်တော်ကြာပစ်ထားသော ဖုန်းအား လှမ်းယူကာcover ချွတ်နေသည့် မင်းမြတ် လက်တို့သည်စိတ်လှုပ်ရှား၍လား ၊ စိတ်ပူ၍လား မပြောတတ်အတန်ငယ် တုန်ရင်နေ၏ ။ ဘေးမှ စိုင်းခမ်းမော် သည် အလိုက်တသိဖြင့်  မင်းမြတ် လက်ထဲမှ ဖုန်းအား ညင်သာစွာ ဆွဲယူသွားသည် ။

လက်ထဲမှ လျောခနဲထွက်သွားသော ဖုန်း အားသတိမမူမိဘဲ မှန်ပြတင်းပေါက်၌ ခပ်ရေးရေးထင်နေသော ညို့မှိုင်းမှိုင်းမြင်ကွင်းအား ထွေကြည့်နေမိသည် ။

အဲ့ဒီ့နေ့က....။
သူတို့ ေတာင်ကြီးသွားမည့်နေ့က...။

________________________

သူတို့ ရယ်မောခဲ့ဖူးသော ၊ ငိုကြွေးခဲ့ဖူးသော ၊
ပွေ့ဖက်ခဲ့ဖူးသော ၊ ရန်ဖြစ်ခဲ့ဖူးသော သစ်ပင်အပေါင်းခြံရဲလျက်ရှိသည့် ​​အဝါရောင် အိမ်ကြီးအား တမေ့တမော နှုတ်ဆက်လိုက်သည်။ စိုင်းခမ်းမော် သည် ခြံတံခါး သော့ ကိုင်လျက် တံခါးသို့လက်လှမ်းလိုက်စဥ်...

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now