ep-(36)

261 13 8
                                    

တိတ်ဆိတ်သော မနက်ခင်းတွင် ဖျော့တော့သော.နေရောင်ခြည်သည် ပြတင်းပေါက်မှ တဆင့် သိမ်မွေ့စွာ ဖြာကျနေ၏ ။ မျက်လုံးကျယ်နေသဖြင့်ပြန်အိပ်၍ မရမည့်အတူတူ အောက်ထပ်သို​့ဆင်းလာလိုက်သည် ။ ဧည့်ခန်းထဲတွင် တအိမ်သားလုံး စုပြုံနေသည်ကို တွေ့၍ အံ့ဩသွားသည့်အခါဖွားဖွားကြီး က မီးဖိုချောင်အား မေးဆတ်ပြသည် ။ မင်းမြတ် ခပ်သွက်သွက် ဝင်သွားကြည့်တော့မနက်စာ ပြင်နေသည့် ဒေါ်ခတ်ခတ်ဒေဝီ အားထူးဆန်းစွာ တွေ့ရ၏ ။

" ဘာလဲ ကူပြင်ပေးမလို့လား "

" ရေသောက် မလို့ "

မင်းမြတ် ရေခဲသေတ္တာတံခါးကို ဖွင့်ရန်ပြင်သည့်အခါ ဒေါ်ခတ်ခတ်ဒေဝီ က မနက်စာပန်းကန်ကိုချ၍ ရေခဲ​သေတ္တာတံခါး အား လက်ဖြင့်ဖိလိုက် သည် ။

" နိုးနိုးချင်း ရေခဲရေ မသောက်ရဘူးဆိုတာ မသိဘူးလား အခုခေတ်ကလေးတွေ ဘာမှလည်းနားမလည်ဘူး "

" အန်တီ စိတ်ပူပေးစရာမလိုဘူး "

မင်းမြတ် က ရေခဲသေတ္တာတံခါးကို အားသုံး၍ဆွဲဖွင့်ကာ ရေခဲရေတစ်ဘူးအား ယူလျက် တကျိုက်ကျိုက် မော့သောက်လိုက်သည် ။

" မင်းကို စိတ်ပူလို့လည်း မဟုတ်ပါဘူး ငါ့သားကမင်းကို အရမ်းချစ်တော့ မင်း တခုခုဖြစ်ရင်ငါ့သား စိတ်ထိခိုက် မှာစိုးလို့ "

" ရေခဲရေ သောက်ရုံနဲ့ သေမသွားဘူး ပြီးတော့အန်တီလည်း အိမ်ရှင်မကောင်းယောင်ဆောင်မနေနဲ့...စေတနာက မရှိဘဲ "

ရေဘူးအား ေရခဲသေတ္တာထဲဲ ပြန်ထည့်၍ လှည့်ထွက် မည်အပြု အနောက်မှ ဒေါ်ခတ်ခတ်ဒေဝီ၏မာဆတ်ဆတ် အသံထွက်လာသည် ။

" မနက်စာမစားတော့ဘူးလား "

" မစားဘူး "

မင်းမြတ် မီးဖိုခန်းထဲမှ အထွက်မှာပင် အပြင်မှပြန်ရောက်လာသော စိုင်းခမ်းမော်နှင့်
တန်းတိုးသည် ။

" ကိုယ် လက်ဖက်ရည်ကုန်သွားလို့ သွားဝယ်တာမင်းမြတ် ဘာမှမစားဘူးလား "

" စားမယ် အစ်ကို "

" စောနကပြောတော့ မစားဘူးဆို "

ဒေါ်ခတ်ခတ်ဒေဝီ၏ အငေါ်တူးသံကို မင်းမြတ်မတုန့်ပြန်တော့ပါ ။ စိုင်းခမ်းမော် လည်း ဘေးမှာရှိနေသည့်အပြင် ဧည့်ခန်းထဲ၌ အိမ်သားတွေရှိနေသော​ကြောင့် အကြီးအကျယ်မဖြစ်လို ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now