ep-(7)

417 23 2
                                    

" အဟမ်း..အဟမ်း အဟမ်း..."

ဖွားဖွားကြီးက ကုလားထိုင်ပေါ် ကျောမှီ၍
မဂ္ဂဇင်းဖတ်နေသည် ။ မင်းမြတ်ကတော့
ဖုန်းထဲ ဒိုင်ဗင်ထိုးနေသည် ။ ဖုန်းထဲဒိုင်ဗင်ပစ်ဝင်ရင် ဝင်ပါစေ စိုင်းခမ်းမော်မျက်နှာပေါ်တော့ နောက်တစ်ကြိမ် ဒိုင်ဗင်မထိုးချင်တော့ပါ ။ မင်းမြတ် သူ့မျက်နှာကို စေ့စေ့မကြည့်တာ သုံးရက်ရှိနေပြီ ။

" အဟမ်း...အဟမ်း အဟမ်း.."

သန့်ကြည်စင် သည် ဘီးအား မိုက်လိုလုပ်ကိုင်၍ သူ့ကိုယ်သူ ဆရာကြီးဒီဇိုင်းနှင့် တဟွန်းဟွန်းတဟမ်းဟမ်း လုပ်နေသည် ။

" ကိုရိုနာဖြစ်နေတာလား "

" ဟဲ့ကောင်လေး မပြောကောင်းတာတွေ "

စိတ်ရှုပ်လာသည့် မင်းမြတ်က ခပ်ထွေထွေ
ပြောတော့ ဖွားဖွားကြီးက သူ့မြေးဘက်က
လှမ်းဟန့်သည် ။ မင်းမြတ် ပါးစပ်မှ
ပွစိပွစိ လုပ်ကာ ဖုန်းပြန်ကြည့်နေစဥ်
သန့်ကြည်စင် ထံမှ အသံထွက်လာသည် ။

" ဒီနေ့မှာတော့ သားက အရသာလည်းရှိ
ကိုရိုနာရန်က ကာကွယ်ပေးမယ့် အစားအစာတွေလုပ်ထားပါတယ် "

"အံမယ်..."

မင်းမြတ် ကျေနပ်မိသလိုလို်တော့ ရှိသား ။
သန့်ကြည်စင် တစ်ယောက် Facebook မှ
ဟင်းချက်နည်းများ ကြည့်လာပြီး
လက်စွမ်းပြတော့မည်ထင် ။
ွဖွားဖွားကြီးကလည်း ထုံးစံအတိုင်း
" ငါ့မြေးလေးက လိမ္မာလိုက်တာတော် " ဟူသောမျက်နှာပေးနှင့် ။

" ဒီမှာ..ဒီမှာ..."

သန့်ကြည်စင် ဗန်းထဲထည့်ယူလာသည့်
ပန်းကန်များအား မင်းမြတ်တို့ပြိုင်တူ ကြည့်မိသည်။လက်တစ်ဆုပ်စာထက် များသော ဂျင်းသုတ်တွင် တခြားအစာပလာ ဘာမှမပါဘဲဲ ဘေးတဝိုက်  ကြက်သွန်ဖြူစိတ်လေးများကပတ်ချာလည်ဝိုင်းနေသည် ။
ပန်းကန်လုံးဖြင့် ထည့်ထားသည့် အရည်များက ဂျင်းပြုတ်ရည်တဲ့ ။

" ဟဲ့ ဟဲ့ ဘာတွေလုပ်လာတာလဲ တော်..
ငါတို့ကို အပူကန်ပြီး
သေစေချင်နေတာလား "

" ဟုတ်တယ် သူ ဖွားဖွားကြီးကို သေကြောင်းကြံနေတာ ဖွားဖွားကြီးမရှိတော့မှ သူအမွေရမှာလေ "

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now