ep -(26)

246 18 10
                                    

" နင်တို့တွေ တစ်ယောက်မှကို အချိုးမပြေကြဘူး..လက်သုတ်ပဝါကို ခေါက်သိမ်းထား ဒီတိုင်းဖြန့် မထားနဲ့ဆိုလည်း မရဘူး..."

မင်းမြတ် အောက်ဆင်းလာသည့်အခါ ဖွားဖွားကြီး က ထူးထူးခြားခြား ပေါက်ကွဲနေသည်ကိုတွေ့ရသည် ။ အပြစ်မလွတ်လျှင် မကြာခဏဆူပူတတ်သော်လည်း လက်သုတ်ပဝါလောက်နှင့် ဝုန်းဒိုင်းလုပ်သည်ကိုတော့ မတွေ့ဖူးသေး ။

" မင်းမြတ် နင်လည်း အခုတလော အိမ်မကပ်ဘူး..ဘယ်တွေသွားနေလဲ..နင် ကြပ်ကြပ်သတိထား "

" မဟုတ်ဘူး အပြင်သွားတာ​က အစ်ကိုနဲ့မှ
ွပြီးတော့ အလကားသွားတာ မဟုတ်ဘူး
ကိစ္စရှိလို့ "

" ရောဂါတွေက ဒီလောက် ပလူပျံနေတာ..
ပြောလိုက်ရင်တော့ အစ်ကိုနဲ့လိုက်သွားမလို့
အစ်ကိုနဲ့လိုက်သွားမလို့နဲ့...မောင်ရင်လည်း
သူ့ကို ကြပ်ကြပ်အလိုလိုက်..."

မင်းမြတ် တစုံတရာ ပြန်ပြောမည်အပြုတွင်
မာမီ က ခေါင်းခါပြ၏ ။ ခပ်ဖွဖွ သက်ပြင်းချလျက်ခုံတစ်လုံးဆွဲကာ ထမင်းစား စားပွဲတွင်
ဝင်ထိုင်ရုံမှအပ ​မင်းမြတ်လည်း မတတ်နိုင်တော့ ။

" သန့်ကြည်စင်ရော အခုထိ မ ထ သေးဘူးလား ဘယ်အချိန်အထိ အိပ်နေဦးမှာလဲ ဆရာကဖြင့်ခဏနေ လာတော့မယ် "

၉ နာရီ ထိုးခါနီးပြီဖြစ်၍ သန့်ကြည်စင် ဆက်အိပ်နေသည်ဆိုတာ မဖြစ်နိုင်ပါ ။ သူလည်း
ဖွားဖွားကြီး ၏ ဆူပူကြိမ်းမောင်းသံ
လွတ်လိုလွတ်ငြား အိပ်ချင်ယောင်ဆောင်၍
အခန်းအောင်းနေခြင်းဖြစ်မည် ။ သို့သော်
ဖွားဖွားကြီးက တောင်ဝှေးအားကိုင်လျက်
အပေါ်ထပ်တက်သွားပြီ ။

" ဖွားဖွားကြီး ဒီနေ့ ဘာဖြစ်နေတာလဲ
တရှူးရှူးရှဲရှဲ နဲ့ "

" နင်တို့ ဖွားဖွားကြီး ပစ္စည်းဟောင်းတွေ ရှင်းရင်းအရင်က ဓာတ်ပုံ Album တွေရှာတွေ့တယ်လေအဲ့ထဲမှာ နင်တို့ ဖိုးဖိုးကြီးပုံတွေလည်း ပါတယ်အဲ့မှာ မနက်စောစောစီးစီး ဒေါခွီးပြီး မကြည်မသာ တွေ ဖြစ်ကုန်တာပဲ
ဟိုလူလိမ် မ ကိုပါ သတိရသွားလို့နေမယ် " 

ဲ ဒေါ်လေး က မင်းမြတ် အား ကြားမှ ဝင် ရှင်းပြ၏ ။ မင်းမြတ် စိတ်ထဲမှာ နားလည်ရမည့်အစားရှုပ်ထွေးလာသည် ။ ကြာဇံချက်အား ခပ်မြန်မြန်ခတ်သောက်ကြည့်တော့ အရသာ အနည်းငယ်ပေါ့နေသယောင် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now