ep-(8)

361 24 4
                                    

လည်ချောင်းအတွင်းမှ ခြောက်ကပ်မှုကြောင့်
မင်းမြတ် ဆက်အိပ်၍ မရတော့ ။ အခန်းတွင်းမျက်လုံးဝေ့ကြည့်ကာ ရေဘူးရှာကြညိ့တော့မတွေ့ ။ သူ မေ့ပြီး ရေခဲသေတ္တာထဲ
ထည့်ခဲ့သည်ထင် ။

ကုတင်ပေါ်မှ ခုန်ဆင်း၍ အခန်းအပြင်ထွက်ကာလှေကားဘက်သို့ ခြေဦးအလှည့် မာမီတို့
အခန်းမှ ဆတ်ခနဲဲ ကြားလိုက်ရသည့် တီးတိုးစကားသံကြောင့် သူ တွန့်ခနဲ ဖြစ်သွားသည် ။
ဒယ်ဒီ နှင့် မာမီ ကိစ္စတစ်ခုခု တိုင်ပင်သည်ဟုသာတွေး၍ လှေကားပေါ်သို့ ခြေအချ..

" မင်း ဘယ်လိုဖြစ်နေတာလဲ မူရာ.."

ဒယ်ဒီသည် မာမီ့အား ဤသို့ ဘယ်သောအခါမှမအော်ဖူး ။ မယုံနိုင်စိတ်နှင့် သိချင်စိတ်
ဒွန်တွဲလာသဖြင့် လှေကားမှလှည့်ကာ ခြေသံလုံလုံလျှောက်ရင်းအခန်းတံခါးအနီးသို့ တိုးကပ်မိသည် ။နားရွက်အား တံခါး၌ဖိကပ်ကာ အသားကုန်နားစွင့်တော့သည် ။

" မူရာ သိသားပဲမောင်ရယ်..မောင်က
မချစ်ဘဲနဲ့ လက်ထပ်တာပဲ..မူရာနဲ့ ကွာချင်နေပြီပေါ့ဟုတ်လား.."

" မောင့်ကို ရစ်တာတော်လို့မရဘူးလား "

မင်းမြတ် ရင်ထဲ မိုးကြိုးအစင်းတစ်ရာပစ်သကဲ့သို့ဒိန်းခနဲဲ ဖြစ်သွားသည် ။ မာမီ နှင့် ဒယ်ဒီသည်ဖွားဖွားကြီး ပေးစား၍ ယူခဲ့သည်မှာ အမှန်ဖြစ်သည့်တိုင် အိမ်ထောင်သက် ၂၅နှစ်လောက်အတွင်း အနည်းငယ်မျှသံယောဇဥ်ရှိကြမည် ဟု ထင်ခဲ့ဖူးသည် ။တကယ်လည်း ရှိသင့်သည် ။

" လူတွေမှာ မျက်စိတွေ နားတွေပါတယ်မောင်ဒီနေ့ပဲ စိမ်းတို့ပြောလို့..."

" မူရာ့ကို အဲ့လိုမိန်းမတွေနဲ့ မပေါင်းနဲ့လို့
ပြောထားတယ်မလား..အလကား
အသေးလေးကို အကြီးကြီးဖြစ်အောင်
ပုံကြီးချဲ့ချင်နေတဲ့ မိန်းမတွေ "

မာမီ့ သူငယ်ချင်း ဖြစ်သည့် အန်တီစိမ်းတို့
အဖွဲ့အား မင်းမြတ် သိသည် ။ အန်တီစိမ်းတို့ဟာအိမ်ထောင်မရှိသည့် လူလွတ်များပီပီ
ပေါ့ပေါ့ပါးပါး နေတတ်ကြသော်လည်း
ဒယ်ဒီပြောသလောက်မဆိုးနေ ။

" သူများပုံကြီးချဲ့စရာ သေးသေးလေး
မဖြစ်အောင်ကို နေရမှာ မောင်ရဲ့..''

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now