ep-(25)

264 16 14
                                    

ဒီ မနက် ဦးလေးနှင့် ဒေါ်လေး မျက်နှာချင်း
မဆိုင်ပါ ။

ညကစိုင်းခမ်းမော် ၏ ဖြောင်းဖျမှုကြောင့် ဦးလေး အိမ်ထဲ ဝင်ခွင့်ရသော်လည်း ဒေါ်လေး နှင့်အကြီးအကျယ် စကားများကြသည် ။
ဒီနေ့တော့ ဦးလေး ခြေ ငြိမ်နေသဖြင့်
အထွေထွေထူး ကိစ္စမရှိဘူး ဟုသာ တွေးရင်း
လုပ်စရာရာ ရှိတာ လုပ်နေသည် ။

မင်းမြတ် အိပ်ရာသိမ်းရင်း စားပွဲပေါ် တင်ထားသည့်စိုင်းခမ်းမော် ၏ ဖုန်း မြည်လာသည်ကိုကြားရသည် ။ ဝင်လာသည့် နံပါတ်မှာ တခါမှမမြင်ဖူးသော နံပါတ်စိမ်းဖြစ်သည် ။ သိချင်စိတ်နှင့်အတူ ဖုန်းစခရင်အား ပွတ်ဆွဲလိုက်သည့်အခါ..

" သား အမေတို့ ခဏလောက် စကားပြောရအောင်.."

တဖက်မှ အမျိုးသမီးအသံမှာ ဒေါ်ခတ်ခတ်ဒေဝီဖြစ်ကြောင်း ငြင်းဖွယ်ရာမရှိချေ ။

×××××××××××

မင်းမြတ် သည် ထို အကြောင်းအား စိုင်းခမ်းမော်အား ပြန်ပြောသင့် ၊ မသင့် ချင့်ချိန်နေဆဲတွင်နောက်တကြိမ် ဖုန်းမြည်လာသည် ။ ဖုန်းမြည်ချိန်၌အနားတွင် စိုင်းခမ်းမော် လည်း ရှိသည် ။

" သား အမေ့ကို တကယ် စိတ်နာသွားပြီလား.."

" သားက သံယောဇဥ်ပြတ်နိုင်ပေမယ်​့ အ​မေကတော့သားအပေါ် မေတ္တာတစ်စက်မှ မလျော့ပါဘူးကွယ် "

" သား ရဲ့ ဖုန်းနံပါတ်ရဖို့ အမေ ဘယ်လောက်ထိအချိန်ကုန် ၊ ငွေကုန်ခံ စုံစမ်းရတယ် မှတ်လဲအမေ့ကို စာနာပါဦး သားရယ်.."

စိုင်းခမ်းမော် အမေမှာ ဖုန်း ကိုင်လိုက်သည်နှင့် စ သည့် စကားများကို တတွတ်တွတ်ပြောလျက်ရှိသည် ။စိုင်းခမ်းမော် မှာ သူမကို မသိကြောင်း အတန်တန်ငြင်းပယ်သည့်တိုင် ခေါင်းမာစွာ ဖုန်းဆက်နေသည်မှာ နေ့လည်ထမင်းစားချိန်အထိပင် ။

အိမ်မှလူများ၏ အာရုံကလည်း စိုင်းခမ်းမော် နှင့်သူ့ဖုန်းထံ တစ တစ ရောက်လာသည် ။
စိုင်းခမ်းမော် သည် အပြင်အား တချက်
လှမ်းကြည့်ကာ Mask တပ်၍ အပေါ်ဝတ်
အကျီအား ကောက်ယူလိုက်သည် ။

" အစ်ကို...."

မင်းမြတ် သည် စိုင်းခမ်းမော် လက်မောင်း အားခပ်ဖွဖွဆွဲကာ ထ ရပ်လျက်..

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now