ep-(27)

246 18 10
                                    

" မင်း ကိုယ့်ကို ဒီနေ့က စပြီး ဆရာလို့မခေါ်လည်းရတယ် "

" ဗျာ..."

သန့်ကြည်စင် လက်ထဲမှ တူ ပန်းကန်ထဲ
လွတ်ကျသွားရာ နှုတ်က ထွက်လာသော
အာမေဋိတ်သံ နှင့်အတူ တောင် ဆိုသည့် အသံကစည်းဝါးကျကျ ထွက်ပေါ်လာသည် ။

" မင်း နဲ့ ကိုယ် တွဲရင် ကိုယ် မင်း ဆရာ
ဟုတ်သေးလား..ဟင် "

" အယ်..ဆရာ က သားကို..."

သန့်ကြည်စင် သည် ပါးစပ်အကျယ်ကြီး ဟ
လျက် အံ့ဩတကြီး အော်ဟစ်နေသည် ။
အကိုလေး က သန့်ကြည်စင် အကြောင်း
သိသိသည့်နှယ် လက်ကာပြ၍

" အကျယ်ကြီး မအော်လိုက်နဲ့ မင်းကို ချစ်တယ် သန့်ကြည်စင်ဖြူ "

အကိုလေး က ပြတ်ပြတ်သားသား လေသံဖြင့်ပြောလိုက်သော်လည်း အတန်ငယ် ေနရခက်သလို မျက်နှာက မသိမသာ နီနေသည် ။ သန့်ကြည်စင် မှာတော့ လက်ထဲက တူကို ပါးစပ်ထဲ ယောင်ယမ်းထည့်လျက် အကိုလေးကိုအကြောင်သား ငေးကြည့်နေသည် ။

စိတ်ထဲတွင်လည်း နောက်စာလုပ်ပါ့မယ် ၊ နောက်ရေချိုးပါ့မယ် စသဖြင့် ကိုယ့်ကိုကိုယ်
ကတိတွေ လှိမ့်ပိန့်ပေးသည် ။

" ခုနက သား မကြားလိုက်လို့ ဘာလဲဆိုတာ
ထပ်ပြောပေးပါလား "

" ကိုယ် ဘာပြောခဲ့လဲ...တခုခုကို သေချာ
နားထောင်မှကြိုက်တာလို့ "

" မကြားလိုက်လို့ပါ အကိုလေးကလည်း "

သန့်ကြည်စင် ၏ မျက်နှာသည် သိန်းထီပေါက်သလိုပြုံးဖြီးနေသည် ။ အကိုလေး က သူ၏ အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်အား ထုတ်ကာစားပွဲပေါ်တင်လျက် သန့်ကြည်စင် ဘက်သို့တွန်းပေးသည် ။ သူ ဒီ စာရွက်ကို မှတ်မိသည် ။ မင်းမြတ် ေရးပေးလိုက်သည့် ရည်းစားစာ ။

" ရော့..မရမချင်းကျက်နေ "

သန့်ကြည်စင် စာကို မဆိုင်းမတွ
ယူဖတ်လိုက်သည် ။

~~ Sai Khon Mhaine loves Thant Kyi Zin Phyu ~~

___________________

" ကိုကြီး...ကိုကြီး...ကိုကြီး "

သန့်ကြည်စင် သည် လှေကားထစ်များအား
လေထက်လျင်သော အရှိန်ဖြင့် နင်းဖြတ်လာသည် ။ဒီနေ့ကျမှ လှေကားက ခါတိုင်းထက်
ပိုရှည်နေသလို ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now