extra

538 16 8
                                    

ချက်...ချက်...ချက်

တချက်ချက် မြည်နေသော စက္ကန့်သံအား
နားစိုက်ထောင်ရင်း မိနစ်လက်တံရှည်အား
ထပ်ခါထပ်ခါ ကြည့်ကာ မင်းမြတ် စိတ်လှုပ်ရှားနေသည် ။ တော်ကြာ ဆိုဖာပေါ်က ထ သွားလိုက် ၊ ပြန်ထိုင်လိုက်နှင့် အလုပ်များနေ၏ ။

" မင်းမြတ်နှယ် ဘယ်လိုဖြစ်နေတာလဲ
ငြိမ်ငြိမ်ထိုင်နေစမ်းပါ "

ေဒါ်လေး က လှမ်းငေါက်လိုက်သည့်အခါ ဆိုဖာတွင် ဝင်ထိုင်လိုက်သော်လည်း အငြိမ်မနေဘဲ စားပွဲခုံကို လက်ဖြင့် တဒေါက်ဒေါက် ခေါက်နေမိသည် ။

" ကိုကြီးကလည်း ဘာဖြစ်လဲ ကျတော့လည်း
နောက်တစ်နှစ်ပေါ့..."

" ငါ့ကို မင်းလိုကောင်များမှတ်နေလား...ကျစရာအကြောင်းမရှိဘူး "

" ဒါဆို ဘာလို့ ဂဏာမငြိမ်ဖြစ်နေလဲ "

" ငါ..ငါလည်း စိတ်လှုပ်ရှားတာပေါ့ "

မင်းမြတ် က ခပ်တိုးတိုးပြောကာ ပန်းကန်ထဲမှပန်းသီးတစ်စိတ် ယူစားလိုက်သည် ။ ကိုဗစ်လှိုင်းကြောင့် ဆယ်တန်းအောင်စာရင်း အား onlineပေါ်က ထုတ်ပြန်မည်ဟုဆို၍ တအိမ်လုံးညမအိပ်ဘဲ စိတ်ရှည်လက်ရှည် စောင့်စားနေကြသည် ။

" မင်းမြတ် ဖြေနိုင်ခဲ့တယ်မလား "

" မမှတ်မိဘူး ဖြေနိုင်မယ်တော့ထင်တာပဲ ကျရင်တော့ အရှက်ကွဲမှာပဲ "

မင်းမြတ် မရေမရော ဖြေမိသည် ။ စာကြည့်စားပွဲကနေ ထိုင်ရာမထ စာလုပ်တတ်သည့် ကျောင်းသားမျိုး မဟုတ်သော်လည်း ဆယ်တန်းဆရာမ ကဒေါသကြီးလွန်း၍ ခွေးဖြစ်ဖြစ် ၊ နွားဖြစ်ဖြစ်ကြိုးစားခဲ့ရသည်​ေတာ့ မှတ်မိ၏ ။ 

" ကိစ္စမရှိပါဘူး..ဆယ်တန်းအမှတ်က ဘဝတစ်ခုလုံးကို အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူး..မင်းမြတ်မှာတခြား တက်လမ်းတွေ အများကြီးရှိပါတယ် "

စိုင်းခမ်းမော် ၏ စကားအဆုံးတွင် ဒေါ်လေး ကဝင်၍...

" နင့် ဖွားဖွားကြီး က ပွဲရုံတစ်ခုလုံးတောင်
ပိုင်ထားတာပဲ "

" ဒီတိုင်းတော့ ငါ့ပွဲရုံကို စီမံခွင့်မပေးနိုင်ပါဘူးတော် အလုပ်သင်ကနေ စ ရမယ် "

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now