ep-(6)

431 24 2
                                    

အချိန်ကား ငါးရက်ကုန်လွန်သွားပြီ ။
မနက် ထ ၊ သွားတိုက် ၊ မျက်နှာသစ်ပြီးသည်နှင့် ဖုန်းကိုင်ရင် ကိုင်မည် ။ မဟုတ်ရင်လည်း ပြန်အိပ်မည် ။

နိုးလာလျှင် တစ်ခုခုစားမည် ။
ဟိုလူ စိုင်းခမ်းမော် ၏ မျက်စိ
ဒေါက်ထောက်ကြည့်ပြီး
ဟိုဟာ လုပ် ၊ ဒီဟာလုပ်ပြောသံ
တွေကို မကြားချင်ယောင်ဆောင်မည် ။

~~ မီးပန်းဇူဇူးဇူးဇူ..ဇူဇူးဇူ...~~~~

စိုင်းခမ်းမော် စနက်နှင့် ၇နာရီခွဲ ထ ထားရသောကြောင့် နေ့လည်နေ့ခင်း
တရေးတမော ပြန်အိပ်နေစဥ် ဖုန်းထဲမှ
နားမခံချင်စရာ တီးလုံးကြီးကြောင့်
အိမ်မက်ကမ္ဘာထဲမှ ဖုတ်ခနဲ ပြုတ်ကျလာသည် ။ မျက်လုံးမှိတ်လျက်နှင့် အကန်းဆင်စမ်းသလို ဟိုစမ်း ဒီစမ်း ဖြင့် ဖုန်းကို လိုက်ရှာလေရော ဘယ်နေရာမှ မတွေ့သဖြင့်
မျက်လုံးအား ပြူးပြဲဖွင့်ကာ
ထ ထိုင်မိသည် ။

~~ မီးပန်းဇူဇူးဇူးဇူ ~~

ပေါင်ပေါ်မှ အသံထွက်လာသည့်အခါ
ဖုန်းအား ရင်ဘတ်ပေါ်တင်၍
အိပ်ပျော်သွားမှန်း သတိရလိုက်သည် ။

" သန့်ကြည်စင်ဆီကပါလား..ဒီကောင်
ဘယ်သွားလို့ ငါ့ကိုဖုန်းဆက်တာလဲ "

တစ်ကိုယ်တည်း ခပ်ဖွဖွ ရွတ်ရင်း
ဖုန်းကိုင်လိုက်သည် ။

" ဘာကိစ္စလဲ..."

" အစ်ကို စိုင်းခမ်းမော် က ဟိုနေ့ကလို
ခေါက်ဆွဲပြုတ်ကျွေးမယ်တဲ့ "

အံမယ်..။ သန့်ကြည်စင်တောင် အစ်ကို
တွေ ဘာတွေဖြစ်လို့ ၊ မုန့်ထုတ်ကြီးရာ
မျက်နှာပါ ဆိုတာ ဒါလား ။
မင်းမြတ် စိတ်ထဲ ခပ်ချဥ်ချဥ် တွေးလိုက်သည် ။

" အဲ့ဒါ ဘာထူးဆန်းလို့လဲ..."

" ကိုကြီး သိအောင် ဖုန်းဆက်ပြောတာ.."

" မလိုဘူး..ငါ့ဟာငါ ဗိုက်ဆာရင် ဆင်းစားမယ်.."

မင်းမြတ် ဖုန်းချကာ ခေါင်းအုံးပေါ်သို့
ပစ်လှဲချလိုက်သည် ။ ခန္ဓာကိုယ် အား
တဖက်လှည့်၍ ဖက်ခေါင်းအုံးကို
ခွကာ မျက်နှာပေါ်အပ်လို့ အဲယားကွန်း
လေအေးအေးလေးနှင့်တငြိမ့်ငြိမ့်
မှေးစက်လာသည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now