ep-(29)

239 17 10
                                    

ညပိုင်းက အလွန်ပူသဖြင့် ပြတင်းပေါက်မ​ျား
ဖွင့်အိပ်လိုက်သည်မှာ မနက်မိုးလင်းခါနီးတော့ငါးပါးရော ၊ ဆယ်ပါးပါ မှောက်ကုန်၏ ။ တဝေါဝေါရွာလာသည့် မိုးများကြောင့် အိပ်နေရာမှအလျင်အမြန်ထကာ ပြတင်းပေါက်အားပိတ်ပစ်လိုက်ရသည် ။ သည် မိုးကြောင့်ပဲမျက်စိကျယ်ကာ ဆက်မအိပ်ချင်တော့ သဖြင့်မင်းမြတ်လည်း အောက်ထပ်ဆင်းကာ TV ကြည့်နေလိုက်သည် ။

" ကိုကြီးလည်း ဘဲရမှပဲ ေစာစော ထ တတ်တဲ့
အကျင့်ရသွားတော့တယ် မဟုတ်ရင် အနားမှာဂေါ်ဇီလာ လာအော်တာတောင် နိုးမှာမဟုတ်ဘူး "

ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသောသန့်ကြည်စင် က သူ့ဟာသူ တကိုယ်တည်းရေရွတ်သလို ပြောလျက် ဆိုဖာတွင်ဝင်ထိုင်လာသည် ။

" မင်းလည်း ဘာထူးလဲ အကိုလေး မေတ္တာရဖို့အိပ်ရာစော ထ ပြီး အသည်းအသန်တွေ
ကြိုးစားရတာပဲ..အကိုလေး သာ ရောက်မလာကြည့် နယျူးကလိယျ ဗုံးပေါက်တာတောင်မနိုးဘူး..ငါကမှ ဂေါ်ဇီလာအော်ရုံနဲ့မနိုးတာ "

မင်းမြတ် ၏ ချေပချက်အား သန့်ကြည်စင် က မည်သို့မျှ မတုန့်ပြန်ဘဲ TV ကိုသာ
ဆက်ကြည့်နေသည် ။ မိသားစုအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုလာနေခြင်းဖြစ်သည် ။

လေးဆယ့်ငါးမိနစ်ခန့် ကြည့်အပြီး ရုပ်ရှင်က
မင်းမြတ်တို့အား ခံစားချက် ရသပေါင်းစုံဖြင့်
ချန်ခဲ့သည် ။ မင်းမြတ် စကားမပြောသေးခင်မှာသန့်ကြည်စင်ကပင် စ ၍...

" ကိုကြီး အဖေ နဲ့ အမေ ဘယ်သူ့ကို ပိုချစ်လဲ "

" အာ..ငါ အဲ့လိုတွေမရွေးချင်ဘူး "

" သားကတော့ ဖေကြီးကို ပိုချစ်တယ် "

မင်းမြတ် ရင်ထဲ အမျိုးအမည်မသိ ဝေဒနါတစ်ခုလှုပ်ခတ်သွားလျက် သန့်ကြည်စင် ရှိရာသို့ဆတ်ခနဲ လှည့်ကာ အလောတကြီးမေးလိုက်သည် ။

" ဘာလို့လဲ ဒေါ်လေးကို မချစ်ဘူးလား "

" မေကြီးကိုလည်း ချစ်ပါတယ် ဒါပေမယ့်
ဖေကြီးက သားကို ပိုအလိုလိုက်တယ်လေ "

" မင်း ဒေါ်လေး နဲ့ ဦးေလးဆို ဘယ်သူ့ကိုရွေးမလဲ "

မင်းမြတ် သန့်ကြည်စင် မျက်နှာကို စေ့စေ့ကြည့်လျက် ခပ်တိုးတိုးမေးသည် ။ သန့်ကြည်စင် က အဝေးတနေရာသို့ ငေးကြည့်ကာ ခေတ္တ စဥ်းစားပြီးနောက် ခေါင်းတဗြင်းဗြင်းကုတ်ကာ...

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now