ep-(32)

249 15 12
                                    

ထို်နေ့ကစပြီး ဦးလေးကို အိမ်တွင် မတွေ့ရပါ ။ ထို့အတူ မြူးထူးတက်ကြွနေသည့် သန့်ကြည်စင် ကိုလည်း မတွေ့တော့ပါ ။ သန့်ကြည်စင် သည်နေ့ရှိသ၍ အခန်းထဲက အောင်းနေလျက် အကိုလေးကိုပင် ထွက် မတွေ့တော့ပါ ။ ဒေါ်လေး သည်ဦးလေး ကို လုံးလုံးစိတ်နာနေရာ တရားစွဲရန်စီစဥ်လျက်ရှိသည် ။ ကမောက်ကမ ဖြစ်သွားသော
အိမ်အခြေအနေတွင် မင်းမြတ်တို့သည် လူကြီးတွေခိုင်းတာ ပြေးပြေး လုပ်နေရသည်ဖြစ်ရာ ကိုယ်ပိုင်အချိန် လျော့လျော့
လာသည် ။

တခုသော မနက်တွင် ညက အိပ်မပျော်သဖြင့်
ကိုးနာရီ ခွဲသွားတာ သိသော်လည်း အိပ်ရာထဲ
ခွေနေစဥ် ဖုန်းနံပါတ်စိမ်းတစ်ခုထံမှ messageဝင်လာသည် ။

" ငါ မင်းတို့် ခြံဝမှာ "

နာမည်တပ်၍ ဖုန်းနံပါတ် မမှတ်ထားသော်လည်း ပို့ထားသော message အရမည်သူမည်ဝါမှန်း တန်းသိလိုက်သည် ။ ထိုကြောင့် ကိုယ်ပေါ် လွှှမ်းထားသော စောင်ပါးအား ဖယ်ချကာ အောက်ထပ်သို့ မပြေးရုံတမယ် ဆင်းမိသည် ။

" အန်တီ ဒီကိုဘာလာလုပ်တာလဲ "

တတ်နိုင်သ၍ အမြန်ဆုံးဟု ထင်ရသော အရှိန်ဖြင့်ဆင်းလာသော်လည်း မမှီတော့ ။ မာမီက ဒေါ်ခတ်ခတ်ဒေဝီအား ရိုးရိုးဧည့်သည် အထင်နှင့် တံခါးဖွင့်ပေး၍ လက်ဖက်ရည်တွေဘာတွေတောင် သွားဖျော်နေသေးသည် ။ သို့သော် အိမ် ပူနေသည့်အထဲ အပြင်မှာရောဂါဘယတွေ ဒီလောက်ဖြစ်နေသည်ကိုမျက်နှာစိမ်း ဧည့်သည်က လာ၍  စိတ်ထဲတွင်တော့ ကြည်ချင်မည် မဟုတ် ။

" အိမ်ပြဿနာ တက်နေတယ်ကြားလို့
သတင်းလာမေးတာလေ..."

" ပြန်လိုက်ပါ အန်တီ့ကို ဘယ်သူမှ ​မကြိုဆိုဘူး "

" မင်းပဲ ဟိုနေ့က ပြောတော့ မင်းအိမ်က ငါ့သားအိမ်ဆို..ငါ့သားအိမ် ငါလာတာ ဘာဖြစ်လို့လဲ "

" အန်တီနဲ့ စကားများဖို့ ကျွန်တော် တကယ်အဆင်မပြေဘူး ကျေးဇူးပြုပြီး ပြန်လိုက်ပါ "

မင်းမြတ် က တောင်းတောင်းပန်ပန် လေသံဖြင့်ပြောသည် ။ ဒေါ် ခတ်ခတ်ဒေဝီကမူ မပြန် ။
ထိုင်မြဲထိုင်နေ၏ ။ သူမ သည် လက်ဖက်ရည် ဗန်း ကိုင်လျက် ရောက်လာသော မာမီ အား ပြုံးပြလိုက်သော်လည်း မျက်နှာထား တည်တည်နှင့်သာခွက်အား ချပေးလိုက်သည် ။ မင်းမြတ်တို့အပြန်အလှန်ပြောနေသည်ကို ကြား၍ အခြေအနေမကောင်းမှန်း မာမီ သိဟန်တူသည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now