thank you all >~<

231 5 2
                                    

ဘာလိုလိုနဲ့ နောက်ထပ်ဖန်တီးမှုလေး တစ်ခုကို အဆုံးသတ်နိုင်ခဲ့ပြန်ပြီ ။ အရင်က
အတိုင်း ကျေးဇူးတင်စကားလေး ထပ်ပြောချင်ပါတယ် ။ လင်း တစ်ယောက်တည်းအား နဲ့ဒါကို အပြီးသတ်နိုင်မှာ မဟုတ်ပါဘူး ။ အခုတလော အပျင်းထူတတ်လာတော့ ပိုဆိုးပါတယ် >_<

ချစ်တို့ပေးတဲ့ View တစ်ခု ၊ Vote တစ်ခု ၊ မန့်တစ်ခု ၊ စျေးဗန်းပို့စ်တွေကိုပေးတဲ့ react တစ်ခု က အစ လင်းအတွက် အပိုင်းသစ်တွေ ဆက်ရေးဖို့ အားအင်တွေပါပဲ ။ online class ကြောင့် တစ်ပတ်လောက်ပျောက်သွားဖူးတယ် ( အမည်ခံပါ) တကယ်က အပျင်းထူတာ [ •_•] ။ အဲ့ဒါတွေကလည်း မျက်နှာပူစရာတွေပေါ့ ။

ဒီ fiction လေးမှာက Romance က ပထမ ဦးစားပေး လုံးလုံး မဟုတ်ဘဲ Family Drama လိုမျိုးဖြစ်နေတော့ တော်တော်များများ အကြိုက်အတွေ့ချင်မှ တွေ့လိမ့်မယ် ။ လင်းကတော့ အကောင်းဆုံးကြိုးစားခဲ့ပါတယ် ။ လိုအပ်ချက်လေးတွေရှိနေပေမယ့် ကြိုးစားမှုအတွက် အားရပါတယ်( အဲ့လဲ 😎 )

ချစ်တို့်တော့ မသိဘူး ။ လင်းကတော့ အိမ်ဆိုတာကိုနွေးထွေးတဲ့အငွေ့အသက် အပြည့်နဲ့ ဘယ်အချိန်ရောက်ရောက် သက်တောင့်သက်သာ အဖြစ်ဆုံးနေရာလို့ အဓိပ္ပါယ်ဖွင့်တယ် ။ အဲ့ဒီ့ သက်တောင့်သက်သာ နေရာလေးကနေ ကိုယ့်ကို အမြဲနွေးထွေးကြိုဆိုပေးမယ့် လူတွေကို မိသားစုလို့ခေါ်တာပေါ့ ။ အိမ်နဲ့ မိသားစု အကြောင်းပြောလို့လင်း က အိမ်နဲ့တည့်နေတဲ့လူလို့ မထင်လိုက်ပါနဲ့ ။ လင်း လည်း မိသားစုနဲ့ အဆင်မပြေတဲ့အထဲလုံးလုံး ပါတယ်ပေါ့ ။

အိမ်နဲ့ လုံးဝကြီး အဆင်ပြေ တည့်ပြီး ချစ်ကြည်ရေးရနေတာဆိုလို့ ရုပ်ရှင်တွေထဲမှာပဲ လင်းမြင်ဖူးတယ် ။ အပြင်မှာ မရှိဘူးလို့ပြောတာ မဟုတ်ပါဘူး ။ မမြင်ဖူးတာကို ပြောတာပါ ။ တကယ်လည်း အင်မတန်ကံကောင်းတဲ့ လူနည်းစုလောက်ပဲဆင်းလုံးချော မိသားစု ဆက်ဆံရေးကို ပိုင်ဆိုင်ထားတာ များတယ် ။ အထူးသဖြင့် ဆယ်ကျော်သက်တွေအတွက်ပေါ့ ။

လူကြီးတွေမှားတယ် ၊ လူငယ်တွေ မှန်တယ် ၊ လူငယ်တွေ မှားတယ် ၊ လူကြီးတွေ မှန်တယ် ဆိုတာ ထက် အဓိက က လူကြီးနဲ့လူငယ် ဖြတ်သန်းလာတဲ့ခေတ်ကာလ ၊ အတွေးအခေါ် ၊ လောကကြီးပေါ်အမြင်တွေ မတူတော့ လူကြီးကလည်း
" ငါ လူကြီးငါ အမှန် " ၊ လူငယ်ကလည်း " ငါ့ အမြင်သာ အမှန် " ဆိုပြီး ဖြစ်လာတာကနေ
ပြဿနာတွေ ဖြစ်လာတာဖြစ်မယ် ။ ချွင်းချက်အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရတဲ့သားသမီးတွေ နဲ့ တချို့ မိသားစု တွေတော့မပါဘူးပေါ့ ။

လင်းတို့် ဒီ နွေးထွေးတဲ့ အမိုးအကာအောက်မှာ ဘယ်လောက် ကြာကြာနေရဦးမလဲ ဆိုတာ မသိနိုင်ပါဘူး ။ အချိန်တန်ရင် အိမ်ကနေ ခွဲထွက်ပြီး ပိုက်ဆံရှာဖို့ ၊ ပညာသင်ဖို့ စတဲ့အကြောင်းပြချက်တွေနဲ့ တခြားကို သွားရမှာပါ ။ အိမ်ထမင်း ၊ အိမ်ဟင်း လက်ရာ ၊ နွေးထွေးတဲ့အငွေ့အသက်တွေ ၊  မိသားစုတွေကို အရင်ကလို နေ့တိုင်းတွေ့ဖို့မလွယ်တော့ပါဘူး ။ ဒီ အိမ်မှာ နေရတုန်းလေးမှာ အကောင်းဆုံး အမှတ်တရတွေ ၊ ပျော်ရွှင်မှုတွေကို နှလုံးသားထဲမှာ မှတ်တမ်းတင်ထားပါ ။

တချို့တွေက အိမ် မဟုတ်တဲ့ အိမ်မှာ နေနေရပါတယ် ။ မွေးကတည်းနေလာတဲ့ အဆောက်အဦး မှာနွေးထွေးမှုတွေ ၊ သက်တောင့်သက်သာ ဖြစ်မှုတွေလုံးလုံး မရှိဘဲ ကြမ်းကြုတ်တဲ့ မိသားစုဝင်တွေ ၊ စိတ်ဖိစီးမှုတွေ ၊ ဒဏ်ရာတွေ ပဲ ရှိတယ်ဆိုရင် ဒါ အဆောက်အဦး သက်သက်ပါ ။ သူတို့တွေအတွက် တနေ့မှာ အိမ် တစ်လုံးတွေ့လာမယ်လို့လင်း ယုံကြည်ပါတယ် ။

ကိုယ့်ထက် သုံးနိုင်ဖြုန်းနိုင်တဲ့လူ ၊ အ​ခြေအနေပေးတဲ့လူ ၊ ဘဝက ကိုယ့်ထက်လွယ်ကူတဲ့လူတွေကိုတွေ့တဲ့အခါ ချစ်တို့ကို လွယ်လွယ်နဲ့ စိတ်ဓာတ်မကျ စေချင်ဘူး ။လင်းတို့် ၊ ချစ်တို့ က အမိုးအကာအောက်မှာ သက်တောင့်သက်သာ fiction ထိုင်ဖတ်ရပေမယ့် တောထဲက pdf သူရဲကောင်းတွေ ၊ စစ်ဘေးရှောင်ပြည်သူတွေ ၊ နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေ အများကြီး ရှိပါသေးတယ် ။ သူတို့်ဆိုလည်း သူတို့အိမ်လေးကိုလွမ်းကြမှာပါ ။ အိမ်ခြေရာမဲ့တွေဆိုလည်းအိမ်တစ်လုံးကို တောင့်တကြမှာပါ ။လင်းတို့အနေနဲ့ သုံးဖြုန်းနေတဲ့လူတွေန​့ဲ ယှဥ်ပြီးအားငယ်နေမယ့်​အစား လင်း ပြောတဲ့လူတွေအိမ် ကို အမြန်ပြန်လာရေး တတ်အားသ၍ ကြိုးစားပေးမယ်ဆို ပိုကောင်းပါ့မယ် ။

လူတိုင်းက အိမ်မှာပဲ နေချင်တာပါ ။
လူတိုင်းက အိမ်နဲ့ ထိုက်တန်ပါတယ် ။

လင်း လည်း လျှာရှည်တာ လုံလောက်ပြီမို့
စာလေးကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ ရှင့် 💙

မနက်ကမှားဖျက်မိလို့ရယ် 😆

Diana_Lin

You've reached the end of published parts.

⏰ Last updated: Jan 26, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now