ep-(37)

346 15 12
                                    

မနက်ခင်းဟုဆိုသော်ငြား ယခင့် ယခင် ရက်များထက် မှောင်မိုက်တိတ်ဆိတ်သ​ယောင် ထင်ရ၏ ။သူတို့အိမ်ကလေးသို့ မဖိတ်ခေါ်ဘဲရောက်ခဲ့သောသူစိမ်းသည် အိမ်သားဖြစ်ကာမှ နောက်တနေ့ဆိုလျှင် မနှင်ဘဲ ထွက်သွားတော့မည် ။ မင်းမြတ်သည်အသက်ကင်းမဲ့သော မျက်နှာပေးဖြင့် တိတ်ဆိတ်စွာရှိနေရာ မာမီက မည်သို့မှမဆူဘဲ အလိုက်တသိထား၏ ။

" ညည်းပိုက်ဆံကိုလည်း ငါ နည်းနည်းချင်း
ပြန်ဆပ်မှာ..ညည်းသာ သူများကို လိမ်စားညာမစားနဲ့ ကောင်းရောင်းကောင်းဝယ် လုပ်စားချေ "

" အစ်မကြီးရယ် ဒါတွေက ကြာခဲ့ပါပြီ "

" လုပ်တဲ့လူကတော့ ကြာခဲ့ပါပြီပေါ့ ခံရတဲ့လူကတော့ ဘယ်မေ့နိုင်မလဲ "

မျက်နှာချင်းဆိုင်တွေ့ဆုံရမည့် အချိန်က
နှစ်ဆယ့်လေးနာရီသာ ကျန်ပါတော့သည်ဆိုမှဖွားဖွားကြီး နှင့် ဒေါ်ခတ်ခတ်ဒေဝီ တို့၏
စစ်အေးတိုက်ပွဲက မပြီးနိုင် ။

" မောင်ရင်ကိုလည်း ကောင်းကောင်းမွန်မွန်ထား..မောင်စိုင်းခမ်းမော် က တကယ့်လူတော်လူကောင်းညည်းသားမို့လို့ကို သဘောမတူတာ "

ဒီတခါတွင်မူ ဒေါ်ခတ်ခတ်ဒေဝီ သည် နှုတ်လှန်ထိုးခြင်း မပြုတော့ဘဲ နှုတ်ခမ်း တင်းတင်းစေ့ကာအဝေးတနေရာသို့ ငေးကြည့်လျက် ခပ်ဆိတ်ဆိတ် နေနေ၏ ။ သူမ၏ မျက်ဝန်းအိမ်ထဲတွင်မူအေးစက်မာကြောခြင်း ရေခဲမြစ်အချို့အရည်ပျော်လျက် ။

_________________________

" မင်းမြတ်ပါလား..."

" ​ေဩာ် အန်တီစိမ်းတို့ထိုင်လေ "

ထိုအတွေးမျိုးတွေးရမှာ အားနာမိသော်လည်း အန်တီစိမ်းတို့ အုပ်စုသည် တကယ့် ဂြိုလ်ဆိုး ။အိမ်တွင်းရေး ပြဿနာတစ်ခုခုဖြစ်သည့်အခါတိုင်းအိမ်သားတွေ အဆင်ပြေသည် မပြေသည်နားမလည်ဘဲ အဖွဲ့လိုက်ပေါက်ချလာတတ်သည် ။

" မာမီရေ အန်တီစိမ်းတို့လာတယ် "

မင်းမြတ် သည် မာမီအား သတိပေးကာ အန်တီစိမ်းတို့ မလှမ်းမကမ်းရှိ ဆိုဖာ၌ ထိုင်ချလိုက်သည် ။အန်တီစိမ်းတို့က အိမ်ကြီးအား မမြင်ဖူးသကဲ့သို့လှည့်ပတ်ကြည့်ကာ..

ချစ်အိမ်ကလေး ( Completed) Donde viven las historias. Descúbrelo ahora