ep-(13)

356 21 10
                                    

မျက်လုံးမဖွင့်ခင် အမှောင်ထု၌ပင် သူစိမ်းဆန်သောလေထုအား ခံစားရသည် ။ နူးအိအိ ဂွမ်းကပ်အထိအတွေ့သည် နေလို့ကောင်းသော်လည်းသူစိမ်းဆန်သော လေထုကြောင့် ငေါက်ခနဲထ ထိုင်မိသည် ။ ပျဥ်ထောင်နံရံများ ဝန်းရံနေသည့်အသင့်အတင့်ကျယ်ဝန်းသော အခန်းသည်မင်းမြတ်နှင့် စိမ်းသက်နေသည် ။

ညမှ အရှက်ကွဲစရာအဖြစ်အပျက်အား ဘွားခနဲ သတိရလိုက်သောအခါ မျက်နှာက ပူခနဲ ။စိုင်းခမ်းမော် ဟူသည့် အမျိုးသားအား
ချစ်နေခဲ့သည်မှာ  မတော်တဆ
အနမ်းများ မွေးဖွားမိသည့် နေ့ မတိုင်ခင်
ရက်အချို့ကတည်းက မှန်း
သိလိုက်ရသည် ။

ခပ်နောက်နောက် မူးနေသည့်ခေါင်းကြောင့်
ပြန်အိပ်ချင်သော်လည်း မျက်လုံးက ကြောင်နေပြီ ။သူများအိမ်ဖြစ်၍ ဂွမ်းကတ်အား သပ်သပ်ရပ်ရပ်ဖြစ်ရန်လိပ်၍ ကြေမွနေသောအဝတ်အစားနှင့် ရှုပ်ပွနေသည့် ဆံပင်အားသပ်ရပ်အောင် ဖြီးကာ အိမ်ရှေ့ဘက်သို့ထွက်လာသည် ။

" ဟော..နိုးလာပြီလား ကောင်လေး "

ထမင်းပန်းကန်များအား စက်ဝိုင်းပုံ စားပွဲပုလေးပေါ်သို့ တင်နေသည့် အန်တီကြီး တစ်ဦးသည်မင်းမြတ်အား ပြုံးပြနှုတ်ဆက်သည် ။

" ဟုတ်.."

" အမူးပြေ သံပုရာရည်လေးဘာလေး
သောက်လိုက်ပါဦး..ည က ခင်ဗျားကို ချစ်တယ်လို့တချိန်လုံးအော်နေတာ မှတ်မိလား "

အန်တီကြီး၏ စ နောက်သကဲ့သို့ ခပ်ပြုံးပြုံး
အပြောတွင် မင်းမြတ် သွားသာဖြီးပြလိုက်သည် ။မင်းမြတ်အတွက် ဖျော်ထားသည့် စားပွဲပေါ်မှသံပုရာရည်အား သောက်ရင်း အိမ်အတွင်းမျက်စိဝေ့ကာ တစုံတရာအား ရှာမိသည် ။

" ဟို..."

" ရေမိုးချိုး အဝတ်စားလဲပြီး ဒီမှာပဲ
စားသောက်သွား နင့်လူ ဆိုင်ရောက်နေတယ်
ခဏနေ လာလိမ့်မယ် "

" အာ..."

အန်တီကြီး သည် ဟင်းပန်းကန်များ သယ်ရန်
နောက်ဖေးသို့ ဝင်သွားပြန်သည် ။ အိမ်လေးကမင်းမြတ်တို့ အိမ်လောက် မကြီးကျယ်သော်ငြားနွေးနွေးထွေးထွေးရှိသည် ။ အင်း..။

ချစ်အိမ်ကလေး ( Completed) Donde viven las historias. Descúbrelo ahora