ep-(31)

219 12 6
                                    

မင်းမြတ် သည် ဒေါ်ခတ်ခတ်ဒေဝီ နှင့် နာရီဝက်ခန့်စကား အချေအတင်ပြောပြီးနောက် ဖုန်းကိုကြည့်လိုက်သည့်အခါ စိုင်းခမ်းမော် ၏ missedcall အချို့အား တွေ့ရသည် ။ မင်းမြတ်အထင်ဖုန်းသံတိုးထားသဖြင့် ဖုန်းဝင်လာတာ မသိလိုက်ခြင်း ဖြစ်မည် ။ မခံချင်စိတ်နှင့် ဒေါသတစ်ခုတည်း
ကြောင့် ဒေါ်ခတ်ခတ်ဒေဝီ နောက်လိုက်လာမိသည်အတွက် အတန်ငယ် နောင်တရလာသည် ။

~~ မီးပန်းဇူဇူးဇူးဇူ ~~

ဂန္တဝင်ဂီတသံ ခပ်တိုးတိုးလေး ထွက်နေသော
ကော်ဖီဆိုင်အတွင်း၌ အသံအဆုံးထိ ပြန်ချဲ့မိသည်​့မင်းမြတ် ဖုန်းသံက လွမ်းသွားသည် ။ လူငယ်အချို့က မင်းမြတ်အား ရယ်ကျဲကျဲမျက်နှာပေးဖြင့်လည်ကြည့်ကုန်ကြသည် ။

" ဟယ်လို အစ်ကို "

" မင်းမြတ် အိမ်မှာပြသနာတက်နေတယ်
အမြန်ပြန်လာခဲ့ "

" ဘာ..ဘာဖြစ်တာလဲ "

" ပြန်လာသာပြန်လာခဲ့ပါ "

စိုင်းခမ်းမော် သည် စိတ်ရှုပ်ထွေးနေဟန်တူ၏ ။ မင်းမြတ် အား သည်လောက် မာသည့် လေသံဖြင့်စကားမပြောဖူးသော စိုင်းခမ်းမော် သည်ယခုတော့ စကားလုံးတွေထဲတွင် ေဒါသအရိပ်အယောင် အချို့လွှမ်းနေသည် ။

" အန်တီ ကျွန်တော် ပြန်လိုက်ပါဦးမယ် "

အနောက်မှ ဒေါ်ခတ်ခတ်ဒေဝီ၏ လှမ်းအော်သံကိုဂရုမပြုအားဘဲ ဆိုင်ထဲမှ တချိုးတည်းပြေးထွက်လာမိသည် ။ အသွားတုန်းက ဒေါ်ခတ်ခတ် ဒေဝီလိုက်ပို့သော်လည်း အပြင်တွင်တက္ကစီငှားရသဖြင့် ဆယ့်ငါးမိနစ်ခန့်ကြာပြန်သည် ။ ကားပေါ်တွင် စိုင်းခမ်းမော် ထံဖုန်းတတီတီခေါ်သော်လည်း မအားသေးပါ ဟူသောအော်ပရေတာ၏ အသံသာ ထွက်လာသည် ။

စိတ်လိုက်မာန်ပါလုပ်မိသည့် သေးငယ်သော
အမှားနှင့်အတူလာသည့် ပူပန်မှုသည်
ပြင်းထန်လှ၏ ။

______________________

" မင်းမြတ် ဘယ်တွေသွားနေတာလဲ "

" ဟို..."

မာမီ က မင်းမြတ်အား ခြံဝမှ ဆီးငေါက်သည် ။ မင်းမြတ် သည် ဖြေရှင်းရန် စကားစ ရှာနေဆဲမာမီက မင်းမြတ်လက်အား ဆွဲကာ
အိမ်ထဲခေါ်လာသည် ။ ထိုနောက် မင်းမြတ်
နားအနားသို့ကပ်ကာ နှစ်ကိုယ်ကြား
လေသံဖြင့်..

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now