Ep-(3)

102 7 0
                                    


“ ကျလိကျလိကျိကျိ....”

ပြတင်းပေါက်မှ ငှက်မောင်နှံ၏ ကလူကျီစယ် သံများ ကြား မင်းမြတ်နိုးထလာသည် ။ ပုံမှန် ဆယ်နာရီ ၊ ဆယ့်တစ်နာရီ နိုးနေကျ ။ ဒီနေ့တော့ အိပ်ရတာ သက်တောင့်သက်သာ မရှိတာကြောင့် အိပ်ချင်နေသည့်တိုင် မြန်မာစံတော်ချိန် ခြောက်နာရီတိတိမှာ
မျက်စိပွင့်လာသည် ။

“ ဝှားလားလား...နိုးပါပြီဗျ...”

မင်းမြတ် လက်နှစ်ဖက်ကို အပေါ်သို့
ဆန့်တန်းကာ အကြောဆန့်ရင်း
အာဗြဲကြီးနှင့် အော်ဟစ်လိုက်သည် ။
မင်းမြတ်သည် နိုးနိုးချင်း ကြက်ဖကြီးလို
ထ ထ တွန်တတ်သည် ။ ကိုယ့်ဟာကိုယ်
တွန်ကြူးပြီးမှ ဟိုလူရှိသည်အထင်နှင့်
ကုတင်ဘက်သို့ လှည့်ကြည့်လိုက်တော့
မရှိ ။

ခါး ရိုးမှ မကိုက်တော့ဘဲ ပူရှိန်းရှိန်းလေး
ဖြစ်နေသဖြင့် အမြန်စမ်းကြည့်အခါ
ခါးကပ်ပလာစတာ ကပ်ထားသည်ကို
သိရသည် ။

မင်းမြတ် မျက်လုံးနှစ်ဖက်နာနာပွတ်၍
အောက်ဆင်းလာသည် ။ မီးဖိုခန်းထဲတွင်
စိုင်းခမ်းမော် က မာမီတို့နှင့် ဟင်းချက်ကူပေးနေသည် ။

“ သြော်..မင်းမြတ်သံစဉ် နိုးပြီလား...
အိပ်ရာ ထ နောက်ကျတယ်နော်...”

မင်းမြတ် ဘဝတွင် ဒီနေ့က အိပ်ရာထ ချိန်
အစောတကာ့ အစောဆုံးနေ့ ။ ဒါကို
စိုင်းခမ်းမော် က ပြုံးစ စ နှင့် ပြောလာသည့်အခါ မင်းမြတ် စိတ်ထဲ
ထောင်းခနဲ ဖြစ်သွားသည် ။

“ ဘာဗျ... ခင်ဗျား ထ တာရော ဘယ်လောက်
စောလို့လဲ...ကျွန်တော် မနိုးခင် သုံးမိနစ်အလိုလောက်မှ နိုးပြီး မာမီတို့ဆီမှာ
ဟန်ရေးသွားပြနေတာမလား “

“ ဟော..ကျားသားမိုးကြိုး ဒီနေ့ သား
အစောကြီးနိုးနေပါလား “

မာမီ့ စကားကြားသည့်အခါ မင်းမြတ်
ကျေနပ်စွာပြုံး၍ စိုင်းခမ်းမော် ကို
မေးပစ်ပြလိုက်သည် ။

မှတ်ပလား.. မနက်စာစားတော့မှ ဒင်းကို
ည က ကိစ္စ တိုင်ဦးမယ် ဟု တေးထားသည် ။

“ မောင်စိုင်းခမ်းမော် က မနက်လေးနာရီတည်းက လေ့ကျင့်ခန်း
လုပ်နေတာ ဘုန်းကြီးဆွမ်းအတွက်
ထမင်းအိုးလည်း အဆင်သင့်တည်ထားပြီးပြီ မာမီ နိုးတော့လည်း ဟင်းကူချက်ပေးပြန်ရော . အာလူးထောင်း က သူ ချက်ထားတာလေ သား စားတော့မလား မာမီ ဆွမ်းခပ်ပြီးပြီ “

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now