ep-(15)

355 20 10
                                    

ေန အပူရှိန်သည် တဖြည်းဖြည်းလျော့ကျသွားလျက် ေလ တဖြူးဖြူးတိုက်သည့် ညနေဘက်သို့ ရောက်မှန်းမသိ ရောက်လာသည် ။နွေအကုန် မိုးအကူးဖြစ်သဖြင့် ကောင်းကင်ကအနည်းငယ် မှိုင်းညို့ညို့ ဖြစ်နေသည် ။ တိုက်သည့်လေကလည်း မိုးရနံ့ကို ယူဆောင်လာသည် ။

ဆိုင်ကယ်အား အကိုလေးနေသည့် တိုက်ခန်းမျက်နှာစာတွင် ရပ်ကာ အဝါနုရောင်နံရံများဖြင့်ငါးထပ်တိုက်လေး ဘက်သိ​ု့ ဦးတည်လိုက်သည် ။တိုက်ခန်း၏ လမ်းတစ်ဖက် မျက်နှာချင်းဆိုင်မှနေ၍ လမ်းအနည်းငယ်လျှောက်လျှင် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိသည် ။ ထို လက်ဖက်ရည်ဆိုင်မှလွဲ၍ ကျန်သည့်နေရာသည်ခပ်ဆိတ်ဆိတ် ။

" အကိုလေး က ဘယ်လိုလူမျိုးလဲ အစ်ကို "

လှေကားများအားတထစ်ချင်း နင်းရင်း မင်းမြတ် စိတ်လှုပ်ရှားစွာ မေးလိုက်သည် ။ အသက်ရှူသံ ကြားရသည်အထိ တိတ်ဆိတ်သောဝန်းကျင်အခြေအနေကြောင့် မင်းမြတ် သည်စိုင်းခမ်းမော် လက်အား ဆုပ်ကိုင်မိသည် ။ စိုင်းခမ်းမော် ကလည်း နှစ်သိမ့်ဟန်ဖြင့်မင်းမြတ် လက်ဖမိုးအား ခပ်ဖွဖွ ပွတ်သတ်သည် ။

" အကိုလေးက ပုံမှန်အချိန်ဆို
သဘောကောင်းပါတယ်.."

" ဘယ်လိုအချိန်ဆို မကောင်းတာလဲ "

" မကောင်းဘူးလို့ ကိုယ်မဆိုလိုပါဘူး မင်းမြတ်ကိုမနေ့က ပြောခဲ့သလို အကိုလေးက အသန့်အရမ်းကြိုက်တယ်..အသန့်ကြိုက်တာလည်းတော်ရုံမဟုတ်ဘူး လွန်လွန်ကြူးကြူး...ဖုံတစ်မှုန်ရှိရင်ကို နေတတ်တာမဟုတ်ဘူး "

" အစ်ကိုတို့ ညီအစ်ကိုတွေကတော့ စံပဲ.."

~~ တီးတောင်ခ် ~~

သုံးထပ်မြောက်ရှိ ထောင့်စွန်းအခန်းသည်
အကိုလေး၏ အခန်းရှိ လူခေါ်ဘဲလ်အား
နှိပ်လိုက်သည် ။ တစ်လမ်းလုံး သုသာန်နှင့်
မှားလောက်အောင် တိတ်ဆိတ်သည့် တို်က်ခန်းမျိုးအကိုလေးလို စရိုက်နှင့် နေနိုင်သော်လည်းမင်းမြတ်သာဆို သရဲကြောက်တာနှင့်သေလိမ့်မည် ။ သုံး ၊ လေးမိနှစ် ကြာတဲ့အချိန်ထိမည်သူမျှ ထွက်မလာသည့်အခါ မင်းမြတ်ကဘဲလ်ကို နောက်တကြိမ်နှိပ်ရန်ပြင်သော်လည်းစိုင်းခမ်းမော် က တားလိုက်သည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now