ep-(19)

298 21 10
                                    

" ကိုကြီး..သားကို အကိုလေးနဲ့ အောင်သွယ်ပေးဖို့အစီအစဥ် မရှိဘူးလား "

အားသည့် အချိန်လေး ၊ ဖုန်းလေးကိုချ
ရီမုလေးကိုကိုင် ဆိုဖာတွင်ထိုင်လျက် TV ကြည့်မည်အကြံ သန့်ကြည်စင် ၏ အသံစူးစူးက လိပ်ပြာလွင့်မတတ် ထွက်ပေါ်လာသည် ။ စောစောလေးတင်မှယူလာသည့် လျှာပေါ်ရောက်လုလုဆဲ လက်ဖက်ရည်
အေးအေးပင် သီးတက်သွားရသည် ။

" မင်းတို့ အရှုပ်တွေထဲ ငါ မဝင်ပါဘူးချင်ပါဘူး "

" အရှုပ်မဟုတ်ပါဘူး အချစ်ပါ "

" အဲ့ဒါ မင်းဘက်က တဖက်သတ်ဖြစ်နေတာလေအကိုလေးဘက်က ကြည့်ရင် အရှုပ်ပဲ "

သန့်ကြည်စင် သည် မင်းမြတ်အား မကျေမနပ်မျက်စောင်းထိုးကာ ဆိုဖာပေါ်သို့ ဝုန်းခနဲ
ပစ်ထိုင်ချလိုက်သည် ။ ထိုနောက် မင်းမြတ်
ဘေးမှ ရီမုအား ဆတ်ခနဲ ကောက်ယူကာ
လိုင်းပြောင်းလိုက်သည် ။

" သား ကြိုက်တဲ့ Bl ကား ဒီက လာမှာ "

" Series မဟုတ်ပါဘူးနော် "

" Series ပေါ့ "

" နေ့တိုင်းပြမှာလား "

" ဟင့်အင်း..တစ်ပတ်မှာ သောကြာနေ့တစ်ရက်ပဲပြမှာ.."

သန့်ကြည်စင် ၏ စကားအဆုံးတွင် မင်းမြတ် ကရီမုအား ပြန်လုရင်း..

" ငါ မကြည့်နိုင်ဘူး "

" အာ..ဘာလို့လဲ ကိုကြီးကလည်း "

သန့်ကြည်စင် က မင်းမြတ် လက်ထဲမှ ရီမုအားမလုသေးခင် ပြန်ရန်တွေ့လို့ရရန် စိတ်ထဲစာစီနေသည် ။ " သူကျ လင်ကြီးငုတ်တုတ် Bl ကားကျ မကြည့်နိုင်ဘူးလား " အစချီ၍ ပြန်ပတ်ပစ်လိုက်မည် ဟု ဆုံးဖြတ်ချက်ချထားသည် ။

" မင်းပဲ စဥ်းစားကြည့်...Series ဆိုမှ အပိုင်းလိုက်ပြမှာပေါ့ဟ..ပြီးတော့ နေ့တိုင်းလည်းမဟုတ်တစ်ပတ် တစ်ရက်တည်း မတော်လို့ မုန်တိုင်းတွေဘာတွေပါရင် ငါက တစ်ပတ်မှာ ခြောက်ရက်လောင်နေရမှာပေါ့ "

" တစ်ပတ်မှာ တစ်ရက်လောင်ရပေမယ့် ဇတ်ကားပြတဲ့တစ်ရက်ကတော့ ပျော်ရပါတယ်နော်မုန်တိုင်း ပြီးလို့ လေပြေလာရင်လည်း
ပျော်ရပါသေးတယ်..သားတို့က အဲ့ဒီ့ အရသာကို ကြိုက်တာ "

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now