ep-(2)

569 35 24
                                    


" ထည့်စားနော် မောင်ရင် အားမနာနဲ့..."

စိုင်းခမ်းမော် က ဆိတ်ကလီစာ တစ်ဇွန်းကို
ခပ်၍ ဖွားဖွားကြီး ပန်းကန်ထဲ ထည့်ပေးလိုက် သည့်အခါ ဖွားဖွားကြီး မျက်နှာသည် အပြုံးများနှင့် ဝေဆာသွားသည် ။
နှုတ်မှလည်း သိတတ်လိုက်တာ ဟု
တဖွဖွ ပြောနေသည် ။

" မင်းမြတ် ပြောင်းဖူးေကြာ်ထည့်စားလေ..
မာမီ ကြော်ထားတာ ချိုနေရော.."

" မာမီ..."

မင်းမြတ် မျက်ခုံးနှစ်ဖက် တွန့်ချိုးသွားသည် ။ ကျန်တဲ့လူတွေက ဘာမှမသလို ပြုံးနေကြသည်။ မင်းမြတ် တစ်ယောက်တည်းသာ စန်းစန်းတင့် ဖြစ်နေသည် ထင်ပါရဲ့ ။

" အာ..ကိုယ်က မင်းမြတ်ခေါ်သလို ခေါ်လိုက်မိတာပါ..ပြီးတော့ ငယ်ငယ်တည်းက
အမေရင်းရဲ့ မေတ္တာနဲ့ ေဝးခဲ့ရတော့..
မာမီ့ကို ကိုယ့်အမေရင်းလို သဘောထားတာနဲ့.. စိတ်မဆိုးပါဘူးနော်..မင်...မြတ်..သံ..စဥ် ''

သည်လူ ဦးနှောက်မ​ျားပျက်နေသလော ၊
ရုပ်တည်ကြီးနှင့် နောက်နေလေသလော ၊
ညနေကပင် ဖွားဖွားကြီးအား သူ့ကို
သူ့အမေ မည်မျှချစ်ကြောင်း
ပြောနေသေးသည်မဟုတ်လား ။

" အန်တီ့ သား မှာ အဲ့လို စိတ်မျိုး မရှိပါဘူး
အန်တီ့ ကို အဆင်ပြေသလို ခေါ်လို့ရပါတယ် ''

မာမီ က ပြုံးပြုံးလေး ဝင် ပြောသည် ။
ကျန်တဲ့လူတွေကလည်း ပြုံးနေကြ၍
ဘာမှဝင်မပြောဖြစ် ။မင်းမြတ် ၏ ဟင်းချိုပန်းကန်လုံးထဲတွင် ဟင်းချို ကုန်သွား၍ ပန်းကန်အကြီးထဲသို့ မိမိ ဇွန်းဖြင့် သတိလက်လွတ် ခပ်ရန် ပြင်လိုက်သည် ။

" မင်းမြတ် အဲ့လိုမခပ်ရဘူးလေကွာ..
မင်းက ဒီလို ခပ်လိုက်တော့ တခြားလူတွေက ဘယ်သောက်ချင်တော့မလဲ ယောက်ချိုဇွန်းရှိသားပဲ..ဖယ်..ဖယ် ကိုယ် ထည့်ပေးမယ်..."

" ကျွန်တော့် ဇွန်းက သန့်ပါတယ်..
ခင်ဗျား ထည့်ပေးလိုက်တဲ့ ပြောင်းဖူးကြော်ပဲ ခပ်ရသေးတယ်.."

" ဟဲ့..ဟင်းချိုသောက်ရင် ယောက်ချိုဇွန်းနဲ့ ခပ်လို့ ငါ စည်းကမ်းမထုတ်ထားဘူးလား.."

" ထုတ်ထားပါတယ် ဖွားဖွားကြီး..သား က
ဘာစားစား အဲ့ပန်းကန်ထဲက ဇွန်းနဲ့
သားပန်းကန်ထဲ ကဲ့ စားတာ.."

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now