ep-(4)

452 27 17
                                    

“ ဟေးးးးးးးးးးးးးး “

အလိုလေး ။
မင်းမြတ် နေလည်းနေ့ခင်း အဲယားကွန်း
အေးအေးလေးနှင့် မှေးနေစဥ်
စူးခနဲ အော်သံတစ်ခု နားထဲဝင်လာသည် ။
မျက်လုံးနှစ်ဖက် နာနာပွတ်၍ နောက်တကြိမ်နားစိုက်ထောင်မိတော့ အောက်ထပ်ကလာတဲ့အသံဖြစ်နေသည် ။

“ဘာသံတွေလဲ ဟ “

အခန်းထဲ ကြည့်တော့ စိုင်းခမ်းမော် မရှိ ။
အောက်ထပ်က အသံများက ပိုဆူညံလာသည် ။ပစ္စည်းထုတ်သံ ပစ္စည်းချသံ တွေနှင့်အတူကျယ်ကျယ်လောင်လောင်
ယောကျ်ားတစ်ယောက် အသံကို ကြားရသည် ။ မင်းမြတ် မျက်မှောင်ကျုံ့ခနဲ ဖြစ်သွားသည် ။

“ အိမ်ကို ဓားပြများလာတိုက်နေသလား “

နေ့ခင်းက Channel + က ကြည့်လိုက်သည့်
အိမ်ဓားပြတိုက်သည့်ကား ကို သတိရလိုက်သည် ။ ရူးကြောင်ကြောင် အတွေးနိုးနိုး ၊
အတည်နိုးနိုး နှင့် စိတ်ထဲ ယောက်ယတ်ခတ်နေစဥ် အောက်ထပ်မှလူတစ်အုပ် အပေါ်သို့ တဝုန်းဝုန်းပြေးတက်လာသံကြောင့် အလျင်အမြန်ကုတင်အောက်ထဲ ဝင်ချလိုက်သည် ။

“ ဟက်ချေး..ဟက်ချေး “

ဖှုန်မှူန့်များက နှာဝသို့ လျောခနဲ ဝင်လာသည့်အခါ မင်းမြတ် ထိန်းမနိုင်သိမ်းမရ အားပါးတရ နှာချေမိသည် ။ နားတွေရုတ်တရက် အူသွားလို့ ဘာမှမကြားသော်လည်း သော့ပိုသွားယူစမ်း ဟူသော အသံကိုကြားရသည် ။

“ စိုင်းခမ်းမော် ဟိုလူကဓားပြများလား
ကျောချမှ ဓားပြမှန်းသိဆိုတာ
ဒါပဲ ဖြစ်မယ် “

မင်းမြတ် ကုတင်အောက်၌ ဝမ်းလျားမှောက်ရင်း စိုင်းခမ်းမော် ကိုမေတ္တာပို့နေစဥ်

“  သား ဘာဖြစ်နေတာလဲ  “

“ ဟဲ့ မင်းမြတ် ကိုယ့်ဦးလေး ပြန်လာတာကို
နှုတ်ဆက်ဖော်မရဘူး ထွက်ခဲ့စမ်း
ကုတင်အောက်က “

“ ကိုကြီး တစ်ယောက်တည်း တူတူပုန်းတိုင်း
ကစားနေတာလား ဟားဟားဟား “

မာမီ ၊ ဖွားဖွားကြီး နှင့် သန့်ကြည်စင် ၏
အသံများကြောင့် ဓားပြမဟုတ်ဘဲ
ဦးလေး ပြန်ရောက်နေခြင်းသာ
ဖြစ်ကြောင်းသိလိုက်သည် ။ သိသိချင်း
ရှက်ရှက်နှင့် ကုတင်အောက်က ထိုးအထွက်

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now