ep-(34)

253 15 11
                                    

မင်းမြတ် သည် ဝရံတာတွင် တကိုယ်တည်းထိုင်လျက် အထီးကျန်ခြင်းဖြင့် တိတ်ဆိတ်နေသောအိမ် အကြောင်းတွေးနေမိသည် ။ သူတို့အိမ်ကိုအဘယ်ကြောင့် ဒီလိုကိစ္စတွေ သယ်လာသနည်း ဟုတွေးမိတိုင်း အားလျော့လျော့လာသည် ။ ယခုဆိုလျှင် သန့်ကြည်စင် က မရှိတော့သည့်အပြင်ဖွားဖွားကြီးကပါ စိုင်းခမ်းမော်ကို မကြည် ။ သူ သည်လည်း စိတ်ရှုပ်မှုဒဏ်ကြောင့် တနေ့ထက်တနေ့ နွမ်းလျလာသည် ။

ယခင်ကထက် ဆိုးသည့် ကံတရား၏ ရိုက်ခတ်မှုကြောင့် ပင်ပန်းနေသော မင်းမြတ် သည် စိုင်းခမ်းမော် အပေါ် မကြာခဏ ပြဿနာရှာမိသည် ။ သူတို့နှစ်ဦး မိနစ်ပိုင်းခန့် စကားများပြီးလျှင်ပွေ့ဖက်ခြင်းဖြင့် ချစ်ကြည်ရေးပြန်ယူရသည် ။ မင်းမြတ်သည် သူ့ ရှုပ်ထွေးမှုအား စိုင်းခမ်းမော် ထံပုံချရမှာကြောက် သဖြင့် တစ်ယောက်တည်း​နေဖို့သာ ကြိုးစားနေတော့သည် ။

" ဒေါ်ခတ်ခတ်ဒေဝီ ရှင် လာပြီလား
ပြန်လိုက်ပါတော့ "

ရေခဲသေတ္တာအတွင်းမှ နွားနို့တစ်ဘူးအား ထုတ်ကာအရသာခံသောက်လျက် အိမ်ရှေ့ထွက်လာစဥ်ကြားရသော စကားကြောင့် သောက်လက်စနွားနို့ကို စားပွဲတင်၍ အပြေးသွားကြည့်ရသည် ။

" အန်တီ့ကို မလာပါနဲ့လို့ပြောတယ်မလား "

" ငါ့အိမ်ငါလာတာ ဘာဖြစ်လဲ "

" အဓိပ္ပါယ်မရှိတာတွေ ပြောမယ်ဆို ပြန်ပါတော့ "

ဒေါ်ခတ်ခတ်ဒေဝီ သည် စာရွက်အချို့ထည့်ထားသော ဖိုင်တစ်ခုအား စားပွဲပေါ်ပစ်တင်လိုက်သည် ။ မင်းမြတ် သည် ထိုအရာအား မေးဆတ်ပြသည့်အခါဒေါ်ခတ်ခတ်ဒေဝီ က ဖွင့်ကြည့်ပါလား ဟူသောသဘောဖြင့် တဖန်ပြန် မေးငေါ့ပြသည် ။

" မာ..မီ..."

သူ မျက် မှောင်ကျုံ့လျက် စာချုပ်တစ်ခု
ဖြစ်ဟန်တူသည့် စက္ကူထဲမှ အကြောင်းအရာအားဖတ်ချင်မဖတ်ချင်နှင့် ဖတ်သည် ။ အောက်ဆုံးရှိလက် မှတ်အား မြင်သည့်အခါ တကိုယ်လုံးတောင့်တင်းသွားလျက် လက်ထဲက စာရွက်လျောခနဲဲ ပြုတ်ကျသွားသည်ကိုပင် မသိလိုက် ။ မာမီ သည် ကျသွားသော စာရွက်အားကောက်၍ဖတ်ကြည့်ပြန်သည် ။ သူမ သည်လည်း ဖတ်ပြီးပြီးချင်းပင် မျက်နှာ၌ ထိတ်လန့်မှု အရိပ်အ​ယောင်များပေါ်လာသည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now