Ep-(35)

34 3 0
                                    

နာရီလက်တံများသည် ယခုမှ လည်တာ
မြန်လွန်းနေ၏ ။ ကျန်နေသေးသော စာချုက်သက်တမ်း တစ်ပတ် ၊ ဆယ်ရက် ဆယ့်ငါးရက်သည် တတိတိ ကုန်ဆုံးလာလျက် သုံးရက်ခန့်သာကျန်တော့သည် ။အိမ်သားများမှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ရှိနေသည် ။ စိုင်းခမ်းမော် နှင့်လည်း အရင်ကလောက် တပူးပူးတတွဲတွဲ မရှိတော့ဘဲ ခေါ်တလှည့် ၊ မပြောတလှည့်ဖြစ်လာသည် ။ စိုင်းခမ်းမော် ဘက် က စကား စလျှင်တောင် မင်းမြတ် ရှောင်ရှောင်ထွက်သွားသည်။

" မူယာတို့အိမ်ကို ထုတ်ရောင်းရအောင်လေ..."

" ဖြစ်ပါ့မလား မူရာ "

" ဘာမဖြစ်စရာရှိလည်း မောင်ရယ် မူရာတို့ကမေမေတို့နဲ့အတူနေလို့ရတာပဲ မေမေကသာသူ့အိမ်ကို မခွဲနိုင်တာ မောင် လည်း
ဒီမှာနေတာ အဆင်ပြေတာ မဟုတ်ဘူး "

" အဲ့ဒါကို ပြောတာမဟုတ်ဘူး မူရာ..အခုက
စီးပွားရေးက ကောင်းတာမဟုတ်ဘူး..ဒီ သုံး ၊
လေး ရက်နဲ့ အိမ်ရောင်းထွက်ဖို့ကိုပြောတာ "

" မူရာ့မှာလည်း အိမ်ခြံမြေလောကထဲက အသိရှိတာမဟုတ်ဘူး ကလ်ျာ့မှာတော့ မိတ်ဆွေစုံတယ်သူ့ဆီက တချက် စုံစမ်းကြည့်မယ် "

" မောင်က ဒါတွေသိပ်နားမလည်ဘူး မူရာ
အဆင်ပြေသလိုသာ စီစဉ်ပါ "

ဧည့်ခန်းထဲတွင် မင်းမြတ် မိဘများသည် သူတို့အိမ်လေး ထုတ်ရောင်း၍ အကြွေးဆပ်ရန် တိုင်ပင်နေကြသည် ။ မင်းမြတ် သက်ပြင်းမော တချက်ချရုံမှအပဝင် မစွက်ဖက်ခဲ့ ။ ဒီ လ အတောတွင်း သူ၏ကိုယ်ပိုင်အိမ်ကိုစိတ်ထဲ မထားတော့ဘဲ ဖွားဖွားကြီး၏ အိမ်လေးကိုသာ မိသားစုအငွေ့အသက်အပြည့်နှင့် အိမ်အစစ် ဟု အမှန်တကယ် ခံစားနေရသည်ဖြစ်ရာ အိမ်အစစ် မဆုံးရှုံးရေး ကိုယ်ပိုင်အဆောက်အဦး အား လက်လွှတ်ရသည်ကိုထွေထွေထူးမခံစားနေတော့ ။

" ​ဩော်..သား နိုးပြီလား မုန့်စားတော့မလား "

" ကျွန်တော်ပဲ ပြင်လိုက် မယ် မာမီတို့
အလုပ်ရှုပ်နေတယ်မလား "

" ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် သားရယ်မာမီတို့် ကလ်ျာနဲ့ အပြင်ထွက်လိုက်ဦးမယ် "

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now