ep-(9)

350 20 4
                                    

" ကျွန်တော်ပဲ သွားလိုက်ပါ့မယ်..မာမ​ီလည်း
နားနားနေနေ သာနေပါ "

လေတွင်တလွှားလွှားဝဲနေသည့် ကိုမြင့်နိုင်ကြီး ခေါ်ကိုရိုနာဗိုင်းရပ်စ် ကြောင့် သူ သွား ၊ နင် သွား နှင့်ဘောလီဘောပုတ်နေကြသော ထိုတာဝန်အားစိုင်းခမ်းမော် မှ ရဲရဲကြီး တာဝန်ယူလိုက်သည် ။

" မင်းမြတ်ရော..ဒယ်ဒီနဲ့လက်ဖက်ရည်ဆိုင်
သွားမလား..တို့သားအဖ ဒီလိုမထိုင်ရတာတောင်ကြာပြီ "

" ကျွန်တော် အစ်ကိုနဲ့ စျေးလိုက်မှာ.."

ဒယ်ဒီက အပြုံးသဲ့သဲ့ဖြင့် ဖိတ်ခေါ်သော်လည်းမင်းမြတ်သည် ကလေးဆိုးတစ်ယောက်ကဲ့သို့ခေါင်းတွင်တွင်ယမ်းကာ ငြင်းဆိုလိုက်သည် ။လုပ်တုန်းကလုပ်ပြီးကာမှ သူ့အပြုအမူသည် ခါးသီးလွန်းနေမလား ၊ ကလေးဆန်လွန်းနေမလား ၊(သို့မဟုတ် ) သိသာလွန်းနေမလား ဟုတွေးပူမိပြန်သည် ။

" ကောင်းတာပေါ့..သားအစ်ကို က ဧည့်သည်ဆိုတော့ သား ပါသွားရင် လမ်းတွေဘာတွေ
မမှားတော့ဘူးပေါ့ "

ဒယ်ဒီ့ စကားအား မင်းမြတ် အပြုံးတစ်ခုနှင့်တောင်မတုန့်ပြန်ဘဲ စိုင်းခမ်းမော် အနောက် သာလိုက်သွားသည် ။

မပြောကောင်းပေမယ့် မင်းမြတ်
ဒယ်ဒီ့ကို မုန်းသည် ။

×××××××××××××××

နံနက်ခင်း၏ နေရောင်ခြည် နွေးနွေးနုနု က
နေရာအနှံဖြာကျနေသည် ။ စိုင်းခမ်းမော် ၏
ဖြူသော  မျက်နှာသည် နေရောင်အောက်တွင် ဝင်းပနေသည် ။အကြောမတည့်သော
စိုင်းခမ်းမော်နှင့် ဤကဲ့သို့ ေစျးအနှံ့ပတ်ရမည်ဟုအရင်က အိမ်မက်ပင် မမက်ခဲ့ ။
စိုင်းခမ်းမော် အနားမှာနေလျှင် စိတ်ချမ်းသာရမည် ဟုလည်း တရေးနိုးတောင် ထ
မတွေးခဲ့ ။

" မင်း ဘာစားချင်သေးလဲ...တခါတည်း
ဝင်ဝယ်ရအောင်..ဟိုမှာ မင်းအကြိုက်
ကြာဇံချက်ဆိုင်ဖွင့်တယ်..တခါတည်း
ဝင်စားမလား "

" ကောင်းသားပဲ...ကျ​ွန်တော် ဒယ်ဒီနဲ့ တဝိုင်းတည်းမစားချင်ဘူး "

ဆိုင်ကြီးမဟုတ်သော်လည်း အမိုးအောက်တွင်ပလတ်စတစ်ခုံပုလေးများ နေရာတကျ
ချထားသည်မှာ စနစ်တက​ျ ။ အပြုံးချိုချိုနှင့်
သဘောကောင်းသော အန်တီကြီးသည်
လက်ရာလည်း ကောင်းသဖြင့် အမြဲလိုလို
ဝင် အားပေးဖြစ်သည် ။ ဆိုင်ထိုင်စားဖြစ်တာတော့ဒါ ပထမဆုံး ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now