ep-(24)

280 17 10
                                    

" ကိုကြီး သား ဘယ်လိုလုပ်ရမလဲ အီးဟီး..
အကိုလေး က သားကို တကယ်ကြီး
စိတ်ပျက်သွားပြီ...စာထဲ ကိုကြီး ဘာတွေ
ထည့်ရေးလိုက်တာလဲလို့ "

သန့်ကြည်စင် သည် မင်းမြတ်အကျ္ီစ အား
ဆွဲကာ ဆွဲကာ လုပ်၍ အော်ငိုနေသည် ။
မင်းမြတ် သည် စိတ်ရှုပ်ဟန်ဖြင့် ခေါင်း အား
တဗြင်းဗြင်းကုတ်လိုက်သည် ။ အကိုလေး
မလာတာ ဒီနေ့နှင့်ဆို သုံးရက်ကျော်ပြီ ။
စိုင်းခမ်းမော် မှတဆင့် ဆက်သွယ်သော်လည်း အဆက်အသွယ်ကားမရ ။

အစပိုင်းတွင် သန့်ကြည်စင် ဒီလိုငိုနေသည်ကို
စ နောက်ချင်သော်လည်း ကြာလာတော့
စိတ်မကောင်း ။ အကိုလေး စိတ်ပျက်သွားစေသည့်အဓိက တရားခံက သန့်ကြည်စင် ဆို ၊ သူ က ကြံရာပါ။

" ကဲ..ကဲ..မငိုပါနဲ့တော့ ငါ မနက်ဖြန်ကျရင်
အကိုလေးအိမ်လိုက်ပို့ပေးမယ် "

" တကယ်နော်..."

" ငါ့ရုပ်က နောက်နေတဲ့ပုံပေါ်နေလို့လား "

သန့်ကြည်စင် သည် မျက်ရည်စီးကြောင်းများအားလက်ခုံဖြင့်သုတ်လျက် မျက်နှာက
အတန်ငယ် ရွှင်ပျလာသည် ။ ဒီတခါ အကိုလေးပြန်လာလျှင် အကိုလေး သူ့ကို ပြန်ကြိုက်လာအောင်မကြိုးစားဖို့ ဆုံးဖြတ်ထားသည် ။

အကိုလေး သူ့ကို ကြိုက်လာဖို့ မလို ။
နောက်တကြိမ် ထွက်မသွားဖို့သာ လိုသည် ။

××××××××××××

~~ တီးတောင်ခ် ~~

~~ တီးတောင်ခ် ~~

~~ တီးတောင်ခ် ~~

" ဟ..တော်တော့ "

လူခေါ်ဘဲလ်အား ထပ်ခါတလဲလဲ နှိပ်နေသည့်
သန့်ကြည်စင် လက်အား မင်းမြတ် အမြန်
ပုတ်ချလိုက်သည် ။ မင်းမြတ် ငေါက်တော့
သန့်ကြည်စင် က လူကို ရုတ်ကာ ခပ်ရို့ရို့
ရပ်နေသည် ။ လူခေါ်ဘဲလ်မနှိပ်ဘဲ
ရပ်စောင့်နေသည့်တိုင် အကိုလေးက
မထွက်လာသဖြင့် မင်းမြတ်နှင့် စိုင်းခမ်းမော်
တစ်ယောက် မျက်နှာ တစ်ယောက် စိုးရိမ်စွာ
ကြည့်မိသည် ။

ရုတ်ချည်း ဖြည်းညင်းစွာ ပွင့်လိုက်သည့် တံခါးအနောက်မှ ထွက်လာသော အကိုလေး အားတွေ့သောအခါ မင်းမြတ်တို့ အားလုံး
အလန့်တကြား ဖြစ်သွားသည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now