Ep-(12)

41 7 0
                                    

~~ ဒုန်း ဒုန်း ဒုန်း ~~

" တံခါးဖွင့် အခုဖွင့် "

မင်းမြတ် သည် မျက်လုံးနှစ်လုံး ပွင့်လျှင်ပွင့်ချင်းအတွေးထဲ ခိုအောင်းနေသည့် သိချင်စိတ်လှုံဆော်မှုကြောင့် အိပ်ရာပေါ်မှ ဝုန်းခနဲ
ခုန်ဆင်းကာ သန့်ကြည်စင် ၏ အခန်းတံခါး အားလက်နှစ်ဖက်လုံးဖြင့် တဒုန်းဒုန်း ထုသည် ။  ညဥ့်နက်မှ အိပ်ထားသည့် သန့်ကြည်စင် အဖို့ဒီအချိန်သည် ဘယ်လိုမျှအိပ်ရေး မ ဝ မှန်းမင်းမြတ် သိသော်လည်း သူ့အတွက် ဒီကိစ္စက ပို အရေးကြီးသည် ။

" ဘယ်သူလဲ.."

မျက်လုံးမပွင့်တပွင့် နှင့် သန့်ကြည်စင် က
တံခါးလာဖွင့်ရင်း သူ့အရှေ့ အကောင်လိုက်ကြီးရပ်နေသည့် မင်းမြတ်အား အိပ်ရေး မ ဝ သောလေသံဖြင့် မေးလာသည် ။

" ဘယ်သူလဲ လုပ်မနေနဲ့ ငါ..ငါ.."

" ကိုကြီးကလည်း စောစောစီးစီး
ဘာဖြစ်ရပြန်ပြီလဲ "

သန့်ကြည်စင် သည် သူ၏ မျက်လုံးအား
လက်ချောင်းများဖြင့် နာနာပွတ်နေသည် ။
အိပ်ကောင်းနေသည့်အချိန် လာနှိုးသဖြင့်
မင်းမြတ်အား မကြည် ။ မင်းမြတ် သည်
မတ်တပ်ကြီး  အိပ်ပျော်တော့မည့် သန့်ကြည်စင် အား မျက်စိကျယ်ရန် ပုခုံးအား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ ခပ်ကြမ်းကြမ်းလှုပ်ရမ်းကာပါးစပ်မှလည်း မအော်ရုံတမယ်
လေသံဖြင့်..

" ငါ့ကို ဒယ်ဒီ့ အချစ်ဦးဆိုတဲ့မိန်းမအကြောင်း
ပြောပြ..အကုန်ပြောပြ "

×××××××××××

" သူ့နာမည်က..."

" ဟိုးး...ကိုယ်ရေးအကျဉ်း တွေ မဟုတ်ဘဲ ဒယ်ဒီနဲ့ပတ်သတ်မှုအကြောင်း
အကျဉ်းချုံးလေး "

မာမီရှိလျက်နှင့် ဒယ်ဒီနှင့် ပတ်သတ်နေသော
မိန်းမ ၊ ရိုင်းရိုင်းပြောရလျှင် ဒယ်ဒီနှင့်
ဖောက်ပြန်နေသော မိန်းမအကြောင်း
ပုံပြင်နားထောင်သလို ဇိမ်ပြေနပြေ နားထောင်ရန်မင်းမြတ် သတ္တိမရှိပါ ။ အကြောထဲကစက်ဆုပ်သည့် " Heather " ဟူသည့် အသံကိုလည်းကြားရန် မသတီပါ ။

" မေကြီးပြောပြတာတော့ အဲ့မိန်းမ နဲ့ ဦးစိုးက
ကျောင်းနေဘက်တွေတဲ့..အဲ့မိန်းမ ရဲ့
မိသားစုက ချို့တဲ့တယ် ဒါကြောင့်မို့လို့
ရှစ်တန်းနဲ့ ကျောင်းထွက်လိုက်ရတာ
ပြီးတော့လေ ဟုတ်လား မဟုတ်လားတော့
မသိပါဘူး..အန်တီစိမ်းတို့ပြောပြတာပဲ
ဘယ်သူ့မှပြန်မပြောနဲ့နော်...အိမ်တွင်းချီးကား
မမိချင်ဘူး  "

ချစ်အိမ်ကလေး ( Completed) Wo Geschichten leben. Entdecke jetzt