ep-(5)

488 28 21
                                    

“ ကျွန်တော် ခင်ဗျားကို မကြိုက်ဘူး
အသားလည်း မယူဘူးလို့ ပြောနေတယ်လေ..”

မျက်လုံးကြီး မှိတ်ပြီး အော်ချင်ရာအော်နေ
သည့် မင်းမြတ် အိမ်မက်မှန်းသိသိချင်း ဘေးသို့ အလန့်တကြား ကြည့်မိသည့်အခါ
စိုင်းခမ်းမော် ကား မရှိ ။ အချိန်က
၇နာရီထိုးခါနီး ။ အခုတလော စိုင်းခမ်းမော်
ကောင်းမှု အကြောင်းပြုလို့ စောစောစီးစီး
နိုးနေသည် ။ ဒီလူ မြန်မြန်ပြန်မှအေးမည် ။

“ ေဩာ်...သူ ဒီနေ့ ပြန်တော့မှာပါလား “

မပြန်ခင်တုန်းက ပြန်ဖို့ ဘုရားနားညီးလွန်းလို့ပရိတ်နိဗ္ဗာန်ကနေ သပိတ်နှင့် ကောက်ထုမတတ်ဆုတောင်းပြီးမှ တကယ်လည်း ဒီနေ့ ပြန်မယ်ဆိုရော ရင်ထဲ လေးတေးတေး ၊ မှိုင်းတိုင်းတိုင်း ။သုံးရက်တာ တစ်အိမ်တည်းနေခဲ့တဲ့ သံယောဇဥ် တွေများလား ။

~~ ဒုန်း ဒုန်း ဒုန်း ~~

“ ကိုကြီး တံခါးဖွင့်မြန်မြန် အရေးကြီးလို့
အရေးပေါ်...အရေးပေါ်...”

ကိုးနာရီထိုးဖို့ ငါးမိနစ်အလိုမှ ဝရုန်းသုန်းကား
ထ လာမည် ထင်ရသော သန့်ကြည်စင်၏
အသံကြားရသည့်အခါ မင်းမြတ်
မျက်စိပင် ကျယ်ချင်သလိုဖြစ်သွားသည် ။
တော်ရုံတန်ရုံ အရေးကြီးကိစ္စတော့
မဟုတ်တန်ရာ ဟု တွေးရင်း ကုတင်ပေါ်မှ
လူးလဲထကာ တံခါးဖွင့်ပေးလိုက်သည် ။

“ ဘာဖြစ်တာလဲ..အိမ်မီးလောင်လို့လား “

“ အာ..အိမ်မီးလောင်တာထက် ဆိုးတယ်ဗျာ
အိမ်မီးလောင်တာကမှ အိမ်ပြန်ရဦးမယ် “

သန့်ကြည်စင် ပြောပုံအရဆို သူ အိမ်ပြန်ချင်တာနှင့်ပဲ ဖွားဖွားကြီးအိမ်
မီးလောင်ပေးရမလိုလို ။

“ အခု မြန်မာမှာ ရောဂါကူးစက်လူနာ
တွေ့တယ် “

“ဘာ..တရုတ်က ထုတ်တဲ့ မူလန် ဆိုလား
ဘာလား “

“ ဘယ်ကသာ မူလန်ရမှာလဲ ဝူဟန် ဝူဟန် “

သန့်ကြည်စင် က ခါးထောက်ကာ မင်းမြတ်ကို စူးခနဲ အော်သည် ။

“ Made In China တွေများ
ဘယ်ဟာမှမကောင်းဘူး “

“ ကိုကြီး စားနေတဲ့ခေါက်ဆွဲခြောက်လေးတွေက Made In China ပဲလေ..”

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now