ep-(23)

278 18 10
                                    

မင်းမြတ် သည် အဘယ်ကြောင့်မှန်းမသိ ။ထို
ဖုန်းဆိုင် နောက်တကြိမ်သွားရန် တွန့်ဆုတ်မိသည် ။တရွေ့ရွေ့ မောင်းနေသော တက္ကစီကားသည်ဆိုင်နှင့်နီးလာလေလေ နိမိတ်မကောင်းခြင်း၏ အနံ့အသက် တစွန်းတစ ကို ခံစားရသည် ။ ရင်ထဲ တခုခု တစ်နေသလို ခုလုခုလု ခံစားချက်ပျောက်လိုပျောက်ငြား ဘေးရှိ စိုင်းခမ်းမော် ကိုရင်ဖွင့်မိသည် ။

" ကျွန်တော် ဘာဖြစ်လို့လဲမသိဘူး အဲ့ဆိုင်
မသွားချင်ဘူး.ဆိုင်နာမည်ကလည်း
ကျက်သရေတုံးတယ် "

စိုင်းခမ်းမော် သည် မင်းမြတ်ပြောမှ ဆိုင်နာမည် အကြောင်း ဖြတ်ခနဲ စဥ်းစားမိသည် ။ မင်းမြတ်တို့မိသားစုကို ရှုပ်ထွေးခဲ့သော လက်ကိုင်ပဝါလေး အပေါ်မှ နာမ် ။ Heather....။

" နာမည်တွေက ဒီလိုတူတာတွေ အများကြီးရှိတာပါပဲ..စိတ်ရှုပ်မခံပါနဲ့ ကလေးရယ် "

" ကျွန်တော် နားလည်ပါတယ် ဒါပေမယ့် ဆိုင်ပိုင်ရှင်အမျိုးသမီးကြည့်ရတာလည်း တမျိုး ပြီးတော့ထမင်းလာပို့တဲ့ ကောင်မလေး ကြည့်ရတာလည်းတမျိုးပဲ...အဲ့ကောင်မလေး နဲ့ အစ်ကိုနဲ့ သိလား "

မင်းမြတ်သည် နာမည်အကြောင်း ပြောရင်းမှ
စိုင်းခမ်းမော် အား ဝင်ရောသော ေကာင်မလေး အားသတိရသွားသည့်အခါ မျက်မှောင်က ဖြတ်ခနဲကျုံ့သွားသည် ။

" ဘယ်က သိရမှာလဲ..ကိုယ့်အသိဆို မင်းမြတ်ကိုပြောမှာပေါ့..."

" ကျွန်တော် အခုမှ စဥ်းစားမိတာ...အဲ့နေ့က
ကျွန်တော်ရော အစ်ကိုရော ပူထူနေလို့
သတိမထားမိတာ အဲ့ကောင်မလေးက
အဲ့ကတည်းက ထူးဆန်းနေတာ...
အစ်ကို့ကို သိသလိုပဲ..."

" အဲ့ဒီ့တုန်းက ကိုယ့်ကို ခေါ်လိုက်တာတော့
မှတ်မိတယ်...လူမှားတာပဲ ​ဖြစ်မှာပါ ကဲ..
ဆိုင်တောင် ရောက်နေပြီ..ဆင်းစို့ "

" အစ်ကိုနဲ့တကယ်မသိတာ သေချာလို့လား " ဟု
မေးချင်သော်လည်း ကား က ဆိုင်ရှေ့
ဆိုက်ဆိုက် မြိုက်မြိုက် ရောက်နေပြီဖြစ်ရာ  
မေးချင်စိတ်အား တံတွေးနှင့် မြိုချလိုက်ရသည် ။မနက် စောစောမို့ ဆိုင်အတွင်း၌ လူရှင်းနေသည် ။ဆိုင်ရှင်ကို ဖယ်လိုက်လျှင် မနေ့က တွေ့ခဲ့သော ကောင်မလေး နှင့် လက်သည်းနီဆိုးနေသည်​့ ရိုင်းပြပြ အမျိုးသမီး သာ ရှိသည် ။

ချစ်အိမ်ကလေး ( Completed) Where stories live. Discover now